အိုစင်(Осень)
နတ်သမီးရေ...
နင့်ဝတ်ရုံဖျားကနေ ရွှေရောင်တွေ တဖွားဖွားလွင့်ခတ်
နင်ဝင်လာပုံက သပ်ရပ်လွန်းတယ်..။
ဝတ်ရုံတစ်ခုလုံး ရွှဲရွှဲစိုနေတဲ့ မျက်ရည်တွေက
ဘယ်နားကဝေဒနာကြောင့်လဲ...။
ရွှေရောင်ဆံပင်နဲ့ နက်မှောင်တဲ့ အသားအရေ
ဟော..
သစ်ရွက်တွေကြွေပြန်ပြီ
ရွှေရောင်လွှမ်းတဲ့ အခန်း
နင်ကိုယ်တိုင်က ပန်းဖြစ်တယ်....။
Note; ဆောင်းဦးရာသီအကြောင်းရေးချင်မိတာကြာပြီ...။ အခုမှပဲရေးဖြစ်တော့တယ်..။ သိပ်လှတယ်..။ သိပ်ချစ်တယ်..။ မေပယ်ရွက်လေးတွေရဲ့အလှကိုတောင် ပေါ်အောင်မစပ်နိုင်လို့ အားမရဘူး...။ အိုစင် ဆိုတာကတော့ ဒီကဘာသာစကားနဲ့ ဆောင်းဦးလို့ ဆိုလိုတာပါ။