ဝလုံးလေးတွေ မရေးတတ်တော့တာ
ကြာခဲ့ပြီ..
ပိုင်ဆိုင်ခွင့်မရတဲ့ အိပ်မက်တွေရေတွက်ရင်း
မိုးလင်းချိန်ကိုမျှော်မိတယ်
ငါတို့အိမ်ကနာရီက
ည၁၂နာရီတိတိမှာရပ်ပေါ့
တချို့တွေမမြင်ချင်ယောင်ဆောင်ထားတဲ့ မျက်ရည်တွေအတွက်
ငါတို့တွေငိုပြလို့ရမလား..
တပါးသူရဲ့မျက်ရည်
ငါတို့ပါးပေါ်မှာ စီးခဲ့ပြီ။
မြင်ကြည့်လိုက်စမ်းပါကွယ်
မင်းတို့လည်း လူသားတွေပါ
မြက်ခြောက်ပဲ ၀ါးပါရစေ
မျက်မှန်စိမ်းတော့ မတတ်ပါရစေနဲ့
မျှော်လင့်ချက်တွေ ဖွယ်တယ်တယ်နိုင်ရချည့်..
ချည့်နဲ့နဲ့ ဒဏ်ရာတွေနဲ့ မချိပြုံးတွေအတွက်
အမုန်းတွေကို သင်ပုန်းချေကြစို့
လာကွယ် မင်းလယ်ကွင်းထဲ ငါလည်းဆင်းမယ်.........
5 comments:
မောင်လေးရေ...ရောက်လာပါတယ်...။ အမနေကောင်းပါတယ် ငါ့မောင်လေး အမအတွက် စိတ်ပူနေခဲ့တဲ့ အတွက် sorry ပါနော်..အမရဲ့ မောင် အငယ်ဆုံးလေးက အသက် ၂၀ လောက် ရှိပြီ ...သူ့နာမည်က ညီလင်း တဲ့ ။ ခုတော့ သူ့အောက်မှာ ဝေလင်း ဆိုတဲ့ မောင်လေးတယောက် ရှိပါသေးလားလို့ မှတ်လိုက်ပြီနော် ။ မအားလို့ပါ လို့ ဆင်ခြေ မပေးတော့ ဘူးနော်...။ ဒီနေ့ အသစ်တင်ဖြစ်အောင် တင်မယ်...။ ဒီကော်မန့်ကို ထမကြည့်နေနဲ့အုံး...အိပ်နေရင်လဲ ဆက်သာအိပ်...၊ စောသေးတယ်အမရေ ပြန်အိပ်လိုက်ဦးမယ် လို့ ရေးနေမစိုးလို့၊ ကဗျာလေး ဖတ်သွားတယ် နော်...။
ညီလေးရေ...
ဟုတ်တယ်... အစ်ကိုလည်း.မျက်မှန်စိမ်းတော့ မတပ်ချင်မိဘူး...။
ဒါပေမယ့် လိုအပ်ချက်အရ...တစ်ခါတစ်ခါ...ထုတ်တပ်ရတယ်...း(
ခင်မင်တဲ့
ဏီလင်းညို
မြက်ခြောက်ပဲ ၀ါးပါရစေ
မျက်မှန်စိမ်းတော့ မတတ်ပါရစေနဲ့
မျှော်လင့်ချက်တွေ ဖွယ်တယ်တယ်နိုင်ရချည့်..
ကဗျာကောင်းလေး ဖတ်သွားပါတယ်။
ိကဗျာလေးတွေလည်း လန်းတာပဲ :)
ဟဲ့...
အောက်ဆုံးက စာကြောင်း...
ငါမရှင်းလို့.... :P
Post a Comment