Showing posts with label မွေးနေ့အမှတ်တရ.... Show all posts
Showing posts with label မွေးနေ့အမှတ်တရ.... Show all posts

Friday, July 30, 2010

၃၆၅(သို့) white angel


၃၆၅

ပြက္ခဒိန်လေးတွေ
တစ်ရက်ပြီးတစ်ရက် ပြေးထွက်သွားလိုက်တာ..
၃၆၅ ပါတဲ့..

ခြေလှမ်းတွေ တရွေ့ရွေ့...
ခု....
နတ်သမီးလေး တစ်နှစ်ပြည့်သွားပြီ...။
 
အစ်မအဖြူရောင်ရဲ့ blog တစ်နှစ်ပြည့်ပါတယ်တဲ့။ တစ်ပတ်ကျော်ကျော်လောက်ကတည်းက သူ့ဘလော့မှာ ကြော်ငြာထားတယ်။အစ်မရဲ့ blog ဆိုတော့ ကဗျာတစ်ပုဒ်လောက် ရေးပေးမယ်ဆိုပြီး စိတ်ကူးမိပါတယ်။ ခက်တာက အဲလိုတမင်တကာ ကြံရွယ်အားထုတ်ပြီး ကဗျာ မရေးတတ်တာပါ။ ဘယ်လိုရေးလို့ရေးရမယ်ကို မသိဘူး။ ဒီလိုနဲ့ တစ်ပါတ်နီးပါးကြာသွားပါတယ်။ ကဗျာလည်းရတော့ ရလာပါတယ်။ ကိုယ့်ဟာနဲ့ကိုယ်တောင် သိပ်မကြိုက်လို့ ပို့တောင် မပို့တော့ဘူးလို့ တွေးတာပဲ။ ဒါပေမယ့် ပို့ဖြစ်လိုက်ပါတယ်။ (အစ်မရေ အစ်မကို ချစ်လို့ ပို့လိုက်တာနော်၊ ကဗျာကို မကောင်းဘူးပြောရင် စိတ်ဆိုးမှာ :) ) အဲဒီလို ပို့ပြီးတဲ့ထိ ကိုယ့်ဘလော့ဂ်မှာ တင်ဖို့ စိတ်ကူးမရှိသေးပါဘူး။ မနေ့ကမှာ အစ်မရဲ့ သိုင်းလောက စိန်ခေါ်သံ ဖိတ်စာ( ဘလော့ဂါတွေကို စုရုံးဖိတ်ကြားပြီး သိုင်းပြိုင်ပွဲ လုပ်မယ်ဆိုလား :) )ကို ဖတ်ပြီး စိတ်ကူးပေါ်လာလို့ ဒီပို့စ်ကို တင်ဖြစ်သွားတာပါ။ (အစ်မရေ မိုးအလင်း ဘလော့ဂင်းရင်း ရေးတာနော်၊ အိပ်တောင် အိပ်ရသေးဘူး။ ကိုးနာရီထိုးရင်လည်း စာမေးပွဲ သွားဖြေရဦးမှာ။)ကဗျာကတော့ မြင်တဲ့ အတိုင်း ခပ်တိုတိုပါပဲ။ ဒါတောင် မနည်း ဖြစ်ညစ်ရေးရတာ။ သူ့ရဲ့ သိုင်းပြိုင်ပွဲကို စိတ်ဝင်စားရင်တော့ http://seaandangel.blogspot.com/ အဲဒီကိုသာ သွားပြီး ၀င်ယောက် ယှဉ်ပြိုင်လို့ ရတယ်ဆိုလား။ ပြီးတော့ အစ်မအဖြူရောင်က ဘာပွဲလုပ်လုပ် အကျွေးအမွေးပါတတ်တယ်ဗျ။ ၀ါသနာပါတယ်ဆိုရင် ....... ;) ပျော်လို့နောက်တာနော် အစ်မ။ စိတ်မဆိုးနဲ့။ ဘလော့ဂ်လေး မွေးနေ့မှာ ပျော်ရွှင်စေဖို့ဆုတောင်းပါတယ်။။
                                                                                                   ဝေလင်း

Friday, January 1, 2010

ကိုcraton မွေးနေ့အမှတ်တရ..

ဒီနေ့ဟာ 2010 ရဲ့ ပထမဦးဆုံးနေ့ဖြစ်သလို..ကျွန်တော့်အစ်ကို craton ရဲ့ အသက်၂၀ ပြည့်မွေးနေ့လဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ထူးခြားလှတဲ့ သူ့မွေးနေ့ကို မတော်တဆ သိခွင့်ရခဲ့ပြီး သိသိချင်းမှာပဲ ကဗျာတစ်ပုဒ်ရေးခဲ့မိပါတယ်..။ ကဗျာရေးပြီးတာကြာပေမယ့် ခေါင်းစဉ်ကို ဘယ်လိုပေးရမှန်းမသိလို့ ကဗျာလေးအတိုင်းပဲ အစ်ကို့ဆီပို့ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးကာ ခေါင်းစဉ်ပါ တစ်ခါတည်းပေးပေးဖို့..အကူအညီတောင်းခဲ့ပါတယ်..။  ညတွင်းချင်းပါပဲ ကျွန်တော့်ကို စာပြန်လာတယ်။ သူပေးခဲ့တဲ့ ကဗျာလေးရဲ့ခေါင်းစဉ်က “လက်ချင်းယှက်သောလမ်းမများ” ပါ။ အဲဒီခေါင်းစဉ်လေးအတွက် ကိုcraton ကို ကျေးဇူးတင်မိပါတယ်..။ ကျွန်တော်ကိုယ်တိုင်ပေးရရင်တောင် အဲ့လောက်လှပနိုင် ကဗျာကို ထင်ဟပ်နိုင်မှာမဟုတ်လို့ပါ..။ ကျွန်တော်ပေးတဲ့မွေးနေ့လက်ဆောင်ကဗျာလေးက ဒီမှာပါ....




“လက်ချင်းယှက်မိသောလမ်းမများ”


ဘယ်သူတွေက အာဇာနည်လဲ


ဘယ်သူတွေက သူရဲကောင်းလဲ


လမ်းဟောင်းကိုတော့ ငါတို့လျှောက်မှာမဟုတ်ဘူး..


ဘယ်သူတွေ ငိုပြီး


ဘယ်သူတွေက ရယ်နေမလဲ


ငါတို့ကဗျာတွေကနေ ရယ်သံ၊ ငိုသံတွေစီးသွားတယ်..


ငါတို့တွေရဲ့ မနက်ဖြန်မှာ ဘာတွေတောက်ပနေမလဲ


ရောက်လာတဲ့အခါတိုင်းမှာတော့


ကဗျာတွေ အပြိုင်းအရိုင်း…


လူငယ်ပီပီ တခါတလေတော့လည်း……


မစားရ၀ခမန်း..လောကလမ်းပေါ်


ငါတို့ပျော်တတ်ကြတယ်…


မှုန်ရီဝမ်းနည်း အသည်းလည်းကွဲကြပေါ့..


ကောင်းကင်ရဲ့မာယာဆိုတာ ငှက်တွေအတွက်သင်ရိုးညွန်းတမ်းပေါ့


အပြင်ကမကျင်းပပဲ ပွဲဝင်ခဲ့ကြရပေမယ့်


ရှိစုမဲ့ဇွဲနဲ့…ငါတို့ရဲတယ်


သူငယ်ချင်း..


နီးဝေးမဟူ ငါတို့ရင်ဘတ်တွေတူကြတယ်


မာယာများတဲ့လောကကြီးအတွက်


ငါတို့ကဗျာတွေရိုးသားကြရအောင်..


“လမ်းချင်းတူရင် လူချင်းတွေ့မယ်” တဲ့


ငါတို့ လူချင်းမတူတောင် လမ်းချင်းဆုံကြမယ်..

Happy Birthday!!!!!!!!! ကို craton...
အသက်၂၀ပြည့်မွေးနေ့မှသည် နှစ်ပေါင်းရာချီပါစေ..........