Showing posts with label စကားစမြည်... Show all posts
Showing posts with label စကားစမြည်... Show all posts

Saturday, December 26, 2009

ကျွန်တော့် ခရစ်စမတ်လက်ဆောင်...


မနေ့က တစ်နေ့လုံး စိတ်တော်တော် ညစ်ခဲ့ရတယ်။ blogging အလုပ်ကောင်းလွန်းတဲ့အကျိုးလေးပေါ့။ နဂိုကတည်းက physics က အားနည်းပါတယ်ဆို ဒီရောက်တော့မှ ရုရှားစကားနဲ့သင်ရတယ်။ ကောင်းရော..။ အတွက်ပုစ္ဆာပိုင်းကတော့ စကားနားမလည်သည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ အနည်းနဲ့အများတော့ တွက်လို့ရတာမှန်ပေမယ့် theory ပိုင်းကတော့ ဘယ်လိုမှလိုက်မရပါဘူး။ physics လုပ်တိုင်း physics စာအုပ်ထက် dictionary နဲ့ပိုရင်းနှီးရတယ်။ နှစ်စပိုင်းကဆို လက်ချာချိန်တွေ ငိုချင်လောက်အောင် စိတ်ဓါတ်ကျတယ်။ ( ဆရာကလည်း စကားပြောတော်တော်မြန်ပါတယ်။) နဂိုကမှ ရုရှားစကားက အူလည်လည်ပါဆိုနေမှ သူက မြန်တော့ ဘယ်လိုမှလိုက်မမှီနိုင်ဘူး..။ အဲဒီကြားထဲ စာကြည့်ချိန်တွေ အပျင်းထူပြီး blog ရွာလေးထဲပဲရောက်နေမိတော့ ဒီကောင့်အခြေအနေကို စဉ်းစားတာကြည့်တော့....။ အဲဒီမှာဖြေမယ်ဆိုတဲ့ အချိန်မှာမှ နဂိုက လိုက်မမှီတဲ့စာတွေ ပြန်ရှာ၊ပြန်ကူးရတယ်။ အခုစာမေးပွဲမှာ ကျွန်တော်ကြည့်ရမှာက ၆ ခန်းရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်တီးမိခေါက်မိရှိတာ ၃ ခန်းလောက်ပဲရှိတယ်..ဟီး။ စဉ်းစားကြည့်ပေတော့ နောက်နေ့မနက်ဆိုပဲ ဖြေရတော့မယ်..ဒီနေ့ညနေထိ ဘာမှအဆင်သင့်မဖြစ်သေးဘူး..။ ဒီကြားထဲ ပို့စ်အသစ်က ၀င်တင်လိုက်သေးတယ်။ မနက်လင်းတော့မှ ပျားတုပ်တာပဲ..။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး..။ ဘာမှလည်းလုပ်လို့မရတော့ဘူးလေ..အဟဲ။
ဒီမှာတစ်ခုပြောပြချင်ပါတယ်။ စာမေးပွဲ စစ်ပုံစစ်နည်းပါ။ ကျွန်တော့်physics မေးခွန်းက ၃ ပုဒ်ရှိပါတယ်။ ပထမနှစ်ပုဒ်က သီအိုရီပိုင်းပါ။ နောက်တစ်ပုဒ်ကတော့ အတွက်ပုစ္ဆာပါ။ အရင်ဦးဆုံး အဲဒါတွေကို ဖြေရပါတယ်..။ အဲဒါကတော့ ရေးဖြေပေါ့။ အဲဒါတွေဖြေပြီးပြီဆိုရင် ဆရာနဲ့ one by one စပါတယ်။ ဆရာက ကိုယ်ကျတဲ့ပုစ္ဆာ( ပြောဖို့မေ့သွားတယ်။ စာမေးပွဲမေးခွန်းက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး..မဲနှိုက်ပြီး ကိုယ်ကျတဲ့နံပါတ်အတိုင်း ဖြေရတာပါ)နဲ့ပတ်သက်တဲ့ သီအိုရီပိုင်းကို မေးပါတယ်။ စာမေးပွဲတစ်ခုလုံးမှာ အဲဒါက အသက်ပါ။ အဲဒီကောင်မဖြေနိုင်ရင် ဘယ်လောက်ရေးထားထား အမှတ်မပေးပါဘူး။ ကျောင်းသားရဲ့ မှတ်သားမှုထက် နားလည်မှုကို ပိုလိုလားတဲ့ပုံစံလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ နောက်တစ်ခုကရုရှားပညာရေးစနစ်ရဲ့ အမှတ်ပေးနည်းပါ။ သူတို့မှာ အမြင့်ဆုံးဆိုတဲ့အမှတ်က ၅ မှတ်ပါ။ အမှတ်ပြည့်ပေါ့။
ဒုတိရက ၄ မှတ်ပါ.။တော်တော်ကောင်းတဲ့အမှတ်ပါပဲ..။ ကျွန်တော်တို့ဆီက ဂုဏ်ထူးမှတ်လောက်နဲ့တူပါတယ်။ နောက်တစ်ခုကတော့ ၃ မှတ် အောင်မှတ်ပေါ့..။ နှစ်မှတ်ဆိုရင်တော့ ကျပါတယ်။ နောက်တစ်ကြိမ်ပြန်ဖြေရပါတယ်။
ကျွန်တော်ကျတဲ့မေးခွန်းက နံပါတ်တစ် နယူတန်ရဲ့ law သုံးခုပါ..။ ပျော်သည်ပေါ့။ နောက်တစ်ခုက သံလိုက်စက်ကွင်းနဲ့ ပတ်သက်တာပါ။ နောက်ဆုံးအတွက်ပုစ္ဆာကလည်း သံလိုက်စက်ကွင်းအပိုင်းကပါပဲ..။ ပထမ နယူတန်လောက်ကတော့ သာသာယာယာပေါ့..နောက်နံပါတ်နှစ်ကတော့ လုံးဝကို ကျက်မသွားတာ။ ကဲမဖြေဘူးကွာ..။ လာထားအတွက်ပုစ္ဆာ..။ မရပါဘူးခင်ဗျ...။ ပုံသေနည်းမေ့နေလို့...။ သူငယ်ချင်းအချင်းချင်း မေးဖို့ကလည်း ဆရာက ကျွန်တော့်ဘေးတင် ထိုင်နေတာ။ အဲဒီတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ဆရာ့အားနည်းချက်ကို အသုံးချရပါတယ်။ ဆရာ့အားနည်းချက်က ဘာလဲဆိုတော့ ပုစ္ဆာတစ်ခုကို သူ့တပည့်တွေ တွက်နေရင်း အူတိအူကြောင်ဖြစ်နေတာမြင်ရင် အရမ်းတွက်ပြချင်တာပါ..။ တစ်ခုတော့ ရှိတာပေါ့..။ သူ့ကို follow လေးတော့လိုပေးရတယ်။ ကျွန်တော်လည်း မဖြစ်ချေဘူးဆိုပြီး ဆရာပေါ့..ခုကျွန်တော်တွက်ထားတာ မှန်လား ဘာညာပေါ့..။ တကယ်က ဘာမှမတွက်ရသေးပါဘူး။ ပေးထားချက်လေးရေးပြီး ပုံလေးဆွဲထားရုံပဲရှိသေးတာ။ ဒါပေမယ့် သူ့ထုံးစံအတိုင်း သူ့ဟာသူအရှိန်မထိန်းနိုင်ပဲ တ်ွပြသွားလိုက်တာ ဂဏန်းထည့်ပြီး ဂဏန်းပေါင်းစက်နှိပ်တာပဲ ကျွန်တော်လုပ်လိုက်ရတယ်။ အဲလိုပဲ ဝေလင်းတို့က လည်တာ။ တွက်ပြီးတော့ သူ့ရဲ့ မေးမြန်းခန်းတွေစပါတော့တယ်..။ နယူတန်ရဲ့လောသုံးခုကတော့ အေးဆေးပေါ့..။ ငယ်ကတည်းက သင်လာတာ မဖြေနိုင်စရာလား..။ အဟဲ နံပါတ်နှစ်ကတော့ လုံးဝမရပါဘူး။
ကဲ သုံးပုဒ်မေးတာမှာ တစ်ပုဒ်ပဲ ဖြေနိုင်တဲ့ကျောင်းသားကို( ပုစ္ဆာကလည်း သူတွက်ပေးလိုက်ရတာနော်) ဘယ်လောက်ပေးသင့်သလဲ...? ပြောကြမှာပေါ့ နှစ်မှတ်လို့..။ မထင်ပါနဲ့ခင်ဗျား ဝေလင်း ၄ မှတ်ရခဲ့ပါတယ်...။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာအဖွဲ့ကို သဘောကျလို့ပါ။ ကျွန်တော်တို့ကို ညံ့တယ်လို့ သူ့စိတ်ထဲမှာ မသတ်မှတ်ထားဘူးလေ။ (တကယ်တော့ ကျွန်တော်တို့က အပျင်းထူတာပါ)။ သူတို့အမှတ်ပေးစနစ်က ကျွန်တော်တို့လို တစ်ပုဒ်မှား တစ်မှတ်လျှော့၊ တစ်ခုမှားရင် မှားသလောက် အမှတ်လျှော့ဆိုတာမျိုးမှ မဟုတ်တာ။ ပေးချင်တဲ့အမှတ်ဆိုတာ ဆရာဆရာမ ပါးစပ်ထဲတင်ရှိတာ။ ဆရာဆရာမကသာ ချစ်လို့ကတော့ အလိုလိုနေရင်းကို သူတို့က ၅ မှတ်ပေးချင်နေတာ။ သူတို့ပညာရေးစနစ်ထဲမှာ အဲဒီတစ်ခုပဲ မကောင်းတာပါ။ ဒါပေမယ့် ဘယ်လောက်ပဲမကောင်းဘူးပြောပြော အဲဒါလေးကပဲ ကိုယ့်ကိုကယ်သွားခဲ့ပါတယ်။ ဘယ်လောက်ကောင်းလဲနော်..။ ဒါပေမယ့် နောက်ကိုတော့ blogging တာလေးလျှော့ပြီး စာဘက်အာရုံစိုက်ဖို့ စဉ်းစားထားပါတယ်။ စိတ်ပင်ပန်းလွန်းလို့ပါ..။ တခြားဘာသာရပ်တွေဆိုလည်း အဲလိုမဖြစ်ပါဘူးလေ။ သင်္ချာလို ဘာသာမျိုးဆို ခေါင်းပြားအောင်အိပ်ပြီးဖြေတာ။ လောလောဆယ်တော့ ပျော်ပါတယ်ခင်ဗျာ... စန်တာကလော့ရဲ့ ခရစ်စမတ်လက်ဆောင်လေးက တကယ်ကောင်းပါတယ်..

Saturday, December 19, 2009

အသိပေးခြင်း...

ကွန်ပျူတာ ပျက်သွားပါသဖြင့် ဒီရက်ပိုင်းအတွင်း blogging နိုင်မည် မဟုတ်ပါ။ ဒါပေမယ့် ပို့စ်တွေ တင်ဖြစ်အောင်တော့ တတ်နိုင်သမျှ ကြိုးစားပါ့မယ်။ ဒါပေမယ့် စာတော့ လိုက်ဖတ်နိုင်မှမဟုတ်တော့လို့ ခွင့်လွတ်ကြပါ။ ကွန်ပျူတာက ပြင်ရမယ် မရဘူး မသေချာသေးလို့ပါ။ :(