Showing posts with label အဆိုအမိန့်လေးတွေ.......... Show all posts
Showing posts with label အဆိုအမိန့်လေးတွေ.......... Show all posts

Friday, November 20, 2009

ဘာတွေလဲ...?

၁။ ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။ မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကိုမေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။

၃။ မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရဖြစ်စေတယ်။

၎။ သူ့အတွက်နဲ့မျက်ရည်မကျသင့်ဘူး။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့ မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ဘူး။

၅။ ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက်ဖြစ်တယ်။
ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကားတွေပါပဲ။

၆။ ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေသလိုပဲ ဘယ်လိုရှာရှာမတွေ့ဘူး။ ဒါပေမဲ့ မေ့သွားတဲ့အချိန်မှာု ပြန်တွေ့သလိုပေါ့။ ပျော်ရွှင်မှုဟာသင့်နံဘေးမှာပါ။

၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ ၅၃၀℃ ဖြစ်တယ်။ အပြင်လောကရဲ့အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။

၈။ ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလိုလုပ်လို့မရဘူး။

၉။ လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင်မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာ အာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။

၁၀။ ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။ ငါးလေးက ရေထဲမှာနေလို့ပါ။
ရေကပြောတယ် ငါးရဲ့မျက်ရည်ကို ရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။ လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။

၁၂။ တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကို နှစ်သက်နိုင်တယ်။ တစ်ရက်အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။
ဒါပေမဲ့ တသက်လုံးအချိန်တွေကုန်သွားပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။

၁၃။ သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာရောက်နေတယ်ဆိုတာအရေးမကြီးပါဘူး။

၁၄။ ဘယ်အရာမဆို အဘက်ဘက်သောရှုထောင့်မှကြည့်ရတယ်။

၁၅။ ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။

၁၆။ ပျောရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။ Sorrw share is sorrow half, Joy share is Joy double.

၁၇။ အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၁၈။ လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။
မလုပ်ချင်တဲ့အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။

၁၉။ သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။

၂၀။ ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးကမျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။

ဘယ်ကရတယ်တော့မမှတ်မိတော့ဘူး။ ဒါပေမယ့် တစ်နေရာရာက ရတာတော့သေချာတယ်။ ကိုယ်တိုင်ရေးတာတော့မဟုတ်ဘူး။ ဘယ်သူရေးတယ်ဆိုတာ မဖော်ပြနိုင်လို့ခွင့်လွတ်ပါ။

Monday, November 9, 2009

သူတို့အပြော ကျွန်တော့်အကြိုက်....

စစ်မှန်သောဘာသာရေး တစ်ခုတည်းသာရှိတယ်၊ သို့သော် ယုံကြည်မှုပုံစံများ များစွာရှိတယ်။ (အီမန်နဲယူဝဲကန့်)

He who lives only for himself is truly dead to others.
မိမိတစ်ဦးတည်းအတွက်သာ အသက်ရှင်နေထိုင်သူသည် တစ်ပါးသူတို့အတွက် အမှန်တကယ်သေသူသာဖြစ်၏။ (ပျူဘလစ်လီးယပ်စ်သိုင်းရပ်)

ကြောက်ရွံ့ခြင်းက မသိနားမလည်မှုက အမြဲပေါက်ဖွားတယ်။ (ရပ်ဝယ်ဒိုအီမာဆန်)

အယူသီးခြင်းဟာ ပျော့ညံ့သော စိတ်ရှိသူများ၏ ကိုးကွယ်ရာ ဘာသာတရားဖြစ်တယ်။ (အီမန်ဘတ်ခ်)

ကျွန်ုပ်၏ဆန္ဒများကို ပြည့်ဝအောင် အကောင်အထည်ဖော်ရန် ကြိုးစားခြင်းထက် ဆန္ဒများကို ကန့်သတ်ခြင်းဖြင့် ကျွန်ုပ်သည် ပျော်ရွှင်ချမ်းမြေ့မှုကို ရှာဖွေခဲ့တယ်။ (ဂျွန်စတူးဝပ်မီး)

“I would rather be a poor man in a garret with plenty of books than a king who did not love reading.” စာဖတ်ဝါသနာမပါတဲ့ ဘုရင်တစ်ပါးဖြစ်ရမှာထက် ထပ်ခိုးပေါ်မှာ စာအုပ်တွေ အများကြီးရှိတဲ့ ဆင်းရဲသားလေးပဲ ဖြစ်ချင်ပါတယ်" (Macaulay)

ဘ၀ဆိုတာပုံပြင်တစ်ပုဒ်ပါ၊ ဘယ်လောက်ရှည်တယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လောက်ကောင်းသလဲ ဆိုတာသာ အရေးကြီးပါတယ်။ (Seneca)

Not he who has little but he who wishes for more is poor.
နည်းနည်းပဲရှိတဲ့သူက ဆင်းရဲတာမဟုတ်ဘူး၊ နောက်ထပ်လိုချင်တဲ့သူကလည်း ဆင်းရဲတာပါပဲ။ (Seneca)


“ဆရာကြီးပလေတိုကို ကျွန်ုပ်ချစ်ခင်လေးစားပါသည်၊ သို့သော် ကျွန်ုပ်သည် အမှန်တရား(သစ္စာ)ကိုကား ဆရာကြီးကိုချစ်သည်ထက် အဆတစ်ရာမက ပိုမိုချစ်မြတ်နိုးပါသည်” (အရစ္စတိုတယ်)

Both optimists and pessimists contribute to our society. The optimist invents the airplane and the pessimist the parachute.
“အကောင်းမြင်သမားရော၊ အဆိုးမြင်သမားရော လောကကြီးကို အကျိုးပြုပါတယ်၊ အကောင်းမြင်သမားက လေယာဉ်ကိုထီထွင်တယ်၊ အဆိုးမြင်သမားက လေထီးကိုတီထွင်တယ်” (Gil Stern)

If you would not be forgotten as soon as you are dead, either write things worth reading or do things worth writing.
သင်ကွယ်လွန်လျင်ကွယ်လွန်ခြင်း သင့်ကိုမမေ့စေလိုလျင် ဖတ်ထိုက်တဲ့စာတွေ ရေးချင်ရေး၊ ရေးထိုက်တဲ့အလုပ်တွေ လုပ်ချင်လုပ်ပါ။ (ဘင်ဂျမင်ဖရင်ကလင်)

လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။ Lord Byron