Saturday, March 9, 2013

လန့်နိုးခြင်း


ဆုံးရှုံးလိုက်ရပြီဆိုတော့မှ
အိပ်မက်တွေက ပိုလတ်ဆတ်လာတယ်
"တစ်နေ့နေ့မှာ"ဆိုတဲ့ဝေါဟာရကို
"ဘယ်တော့မှ"လို့ ပြောင်းလဲ နားလည်လိုက်ရပြီ
ပွဲပြီးမှ နိုးလာတဲ့သူလို
ဘာမှန်းမသိလိုက်ပေမယ့် လက်ခုပ်တော့ တီးပေးမိသေးတယ်
ပြောစရာစကားတွေခန်းခြောက်ကုန်တဲ့အထိ
မိုးခေါင်တာ 
ငါ့နှလုံးသားမှာ ဒါပထမဆုံးပဲ
သေချာတာကတော့ 
ဒီတစ်မိုးမှာ နူးညံ့တဲ့အနမ်းတွေ အထွက်နည်းမယ်ဆိုပဲ

5 comments:

နွယ်လေး said...

ဒီကဗျာလေးကို အရမ်းကြိုက်မိပါတယ်...
နွယ်နဲ့လည်း ခံစားချက်က တော်တော်လေးကို
တိုက်ဆိုင်နေလို့ပါ...
အားပေးဖတ်ရှုခဲ့ပါတယ်ရှင်....

Unknown said...

ကျေးဇူး :)

Anonymous said...

ကိုဏီ... မရောက်ရောက်အောင်လာပြီး ကဗျာလေးကို ခံစားသွားတယ်...ညီလေး...

“ဒီတစ်မိုးမှာ နူးညံ့တဲ့အနမ်းတွေ အထွက်နည်းမယ်ဆိုပဲ”...ဆိုတာလေးကို သဘောကျသွားတယ်...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

عبده العمراوى said...


شركة ماسة لمكافحة الحشرات بالجبيل
شركة تنظيف منازل بالنعيرية

Bk8 said...

Thanks for your article brother

Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid