ပြီးဆုံးသွားခဲ့ပြီ...
အမုန်းမရှိ၊ အရှုံးမရှိ
ရုန်းကြည့်လို့မလွတ်တဲ့ကြိုး
ငါ့ ဓါးကျိုးနဲ့ ပြတ်စေခဲ့ပြီ..။
နင်နဲ့ငါက
နေနဲ့လလိုမျိုး
ငါကနိုးထရုံရှိသေး
နင်ကအိပ်သွားခဲ့ပြီ..။
ဝေးရမယ့် ကံကြမ္မာကို
ငါကိုတိုင်သတ်မှတ်
ဖြတ်ညှပ်ကပ်လုပ်ထားကြည့်တယ်
ငါ့မျက်နှာကျက်မှာ
ကြေကွဲဖွယ်ရာဆန်ဆန်ပေါ့...။
မာယာဆန်တဲ့ပြောင်းလဲမှုတွေကို
ငါလိုက်နားမလည်ချင်တော့ဘူး.
ငါနင့်ကိုမချစ်ဘူးကွယ်...။
မိန်းမတစ်ယောက်ကိုနားလည်ဖို့ကြိုးစားမယ့်အစား
နို့ဆီခွက်ထဲ ငါးထိုင်မျှားတာက
ငါ့အတွက် အခွင့်လမ်းပိုများလိမ့်မယ်...။
ဘုရားလည်းသိတယ်
တရားလည်းသိတယ်
အချစ်ကိုတော့ငါမသိဘူးကွယ်..
ညီမျှခြင်းနှစ်ခုကို ညီမျှခြင်းချဖို့
ဘယ်သင်္ကေတသုံးရမလဲ..?
အချစ်နဲ့အရှုံးမှာ
အမုန်းကိုရွေးလို့မရဘူးတဲ့ကွယ်...
ပြောစမ်းပါ ငါမနာကျည်းသင့်ဘူးလား..
ငယ်ငယ်ကတည်းက ညံ့ခဲ့တဲ့ငါ
ကြီးတော့လည်းတော်မလာဘူး....။
မော်မော်ဖူးခဲ့ရတဲ့မျက်နှာတွေကို
မုန်းတယ်...
နင့်ဆံနွယ်တစ်ချက်အဝေ့မှာ
မေ့မတတ်ဖြစ်တတ်တဲ့ကောင်..
ခုချိန်ထိလည်း ဟန်မဆောင်တတ်သေးဘူးကွယ်........။
(အားလုံးပဲ ခရစ်စမတ်မှာပျော်ရွှင်ပါစေဗျာ..အစကတော့ ခရစ်စမတ်အတွက် ပို့စ်တစ်ခုရေးမလို့ပါပဲ...ဒါပေမယ့် ခရစ်စမတ်နံ့မသင်းတဲ့ ခရစ်စမတ်တစ်ခုမို့ ဘယ်လိုအာရုံသွင်းပြီးရေးရမယ် မသိဖြစ်မိပါတယ်..။ ဒီမှာက ခရစ်စမတ်က ဇန်န၀ါရီမှလေ..။ ပြီးတော့ ဒီနှစ်အတွက် ကျွန်တော်ရတဲ့ခရစ်စမတ်လက်ဆောင်က စာမေးပွဲလေ..မနက်စာမေးပွဲဖြေရတော့မယ်..။ စာတွေမသေးဘူး.. :P ။ အိပ်တော့မယ်။)
4 comments:
ကဲကဲ စာကျက်တော့လေ
ဘာလို့စာတွေရေးနေတာလဲ :P
ဆရာလုပ်တာဟုတ်ဖူးနော်
MERRY X"MAS ပါရှင်
မိန်းမတစ်ယောက်ကိုနားလည်ဖို့ကြိုးစားမယ့်အစား
နို့ဆီခွက်ထဲ ငါးထိုင်မျှားတာက
ငါ့အတွက် အခွင့်လမ်းပိုများလိမ့်မယ်...။
:D :D
ကဗျာရေးကောင်းတဲ့နယ်သားရေ
လာလည်သွားပါတယ်
စာမေးပွဲတွေဖြေနိုင်ပါစေ :)
ဟုတ်တယ် ...
မော်မော်ဖူးခဲ့ရတဲ့ မျက်နှာတွေကိုတော့ ...
မုန်းသင့်တယ် ...။
နာကျည်းလို့ပဲ ဖြစ်ဖြစ်
ခံပြင်းလို့ပဲ ဖြစ်ဖြစ်
သူတို့ကို မော်ဖူးခဲ့ရတဲ့ စက္ကန့် နဲ့ အမျှ ...
သူတို့ မော်ဖူးကြဦးမယ့် စက္ကန့် နဲ့ အမျှ ...
ကို ပြန်ရရဦးမယ် ... :)
Post a Comment