နံနက်ခင်းနေရောင်က မျက်နှာပေါ်လာထိုးတယ်။
အဲဒီကစ..နေ့စဉ်အတိုင်း
စာအုပ်တွေကိုင်ပြီးတက်သွားတယ်..
စာအုပ်တွေကိုင်ပြီးဆင်းလာတယ်...
ခေါင်းလောင်းသံတစ်ခုနဲ့တစ်ခုကြား
တဟားဟား ရယ်မယ်
နောက်...တနင်္ဂနွေကိုမျှော်တယ်...
တနင်္ဂနွေတစ်ခုနဲ့တစ်ခုကြား ချစ်သူကိုလွမ်းတယ်....
မချစ်မနှစ်သက်သူဆီ ပျံသန်းဖို့တောင်ပံ
ဘယ်လိုတန်ခိုးရှင်မျိုးက တတ်နိုင်မှာတဲ့လဲ..
ချစ်သူရဲ့ မျက်လုံးစိမ်းစိမ်းဆိုတာ ကြောက်မက်ဖွယ်ရာကွဲ့××××
နောက်ဆုံးက စ ရင်တောင် ပထမ မဖြစ်ခဲ့ဖူးပါဘူး
ဒီလိုနဲ့စိတ်ကူးနဲ့ပဲ ရူးတတ်ခဲ့တာလည်း ကြာပြီ............။
ရေမပါတဲ့အိပ်မက်တွေကိုပဲ သောက်ခဲ့ရတော့
နှလုံးသားက ကန္တာရဖြစ်နေတာလည်း ကြာပြီ.......။
အစသိပြီး အဆုံးမရှိသေးတဲ့
ဒီလမ်းကို လျှောက်ခဲ့ရတာလည်းကြာပြီ........။
လျှောက်တိုင်းမရောက်ပေမယ့်
ရပ်မရခဲ့တာလည်း ကြာပြီ..............။
No comments:
Post a Comment