Friday, July 30, 2010

၃၆၅(သို့) white angel


၃၆၅

ပြက္ခဒိန်လေးတွေ
တစ်ရက်ပြီးတစ်ရက် ပြေးထွက်သွားလိုက်တာ..
၃၆၅ ပါတဲ့..

ခြေလှမ်းတွေ တရွေ့ရွေ့...
ခု....
နတ်သမီးလေး တစ်နှစ်ပြည့်သွားပြီ...။
 
အစ်မအဖြူရောင်ရဲ့ blog တစ်နှစ်ပြည့်ပါတယ်တဲ့။ တစ်ပတ်ကျော်ကျော်လောက်ကတည်းက သူ့ဘလော့မှာ ကြော်ငြာထားတယ်။အစ်မရဲ့ blog ဆိုတော့ ကဗျာတစ်ပုဒ်လောက် ရေးပေးမယ်ဆိုပြီး စိတ်ကူးမိပါတယ်။ ခက်တာက အဲလိုတမင်တကာ ကြံရွယ်အားထုတ်ပြီး ကဗျာ မရေးတတ်တာပါ။ ဘယ်လိုရေးလို့ရေးရမယ်ကို မသိဘူး။ ဒီလိုနဲ့ တစ်ပါတ်နီးပါးကြာသွားပါတယ်။ ကဗျာလည်းရတော့ ရလာပါတယ်။ ကိုယ့်ဟာနဲ့ကိုယ်တောင် သိပ်မကြိုက်လို့ ပို့တောင် မပို့တော့ဘူးလို့ တွေးတာပဲ။ ဒါပေမယ့် ပို့ဖြစ်လိုက်ပါတယ်။ (အစ်မရေ အစ်မကို ချစ်လို့ ပို့လိုက်တာနော်၊ ကဗျာကို မကောင်းဘူးပြောရင် စိတ်ဆိုးမှာ :) ) အဲဒီလို ပို့ပြီးတဲ့ထိ ကိုယ့်ဘလော့ဂ်မှာ တင်ဖို့ စိတ်ကူးမရှိသေးပါဘူး။ မနေ့ကမှာ အစ်မရဲ့ သိုင်းလောက စိန်ခေါ်သံ ဖိတ်စာ( ဘလော့ဂါတွေကို စုရုံးဖိတ်ကြားပြီး သိုင်းပြိုင်ပွဲ လုပ်မယ်ဆိုလား :) )ကို ဖတ်ပြီး စိတ်ကူးပေါ်လာလို့ ဒီပို့စ်ကို တင်ဖြစ်သွားတာပါ။ (အစ်မရေ မိုးအလင်း ဘလော့ဂင်းရင်း ရေးတာနော်၊ အိပ်တောင် အိပ်ရသေးဘူး။ ကိုးနာရီထိုးရင်လည်း စာမေးပွဲ သွားဖြေရဦးမှာ။)ကဗျာကတော့ မြင်တဲ့ အတိုင်း ခပ်တိုတိုပါပဲ။ ဒါတောင် မနည်း ဖြစ်ညစ်ရေးရတာ။ သူ့ရဲ့ သိုင်းပြိုင်ပွဲကို စိတ်ဝင်စားရင်တော့ http://seaandangel.blogspot.com/ အဲဒီကိုသာ သွားပြီး ၀င်ယောက် ယှဉ်ပြိုင်လို့ ရတယ်ဆိုလား။ ပြီးတော့ အစ်မအဖြူရောင်က ဘာပွဲလုပ်လုပ် အကျွေးအမွေးပါတတ်တယ်ဗျ။ ၀ါသနာပါတယ်ဆိုရင် ....... ;) ပျော်လို့နောက်တာနော် အစ်မ။ စိတ်မဆိုးနဲ့။ ဘလော့ဂ်လေး မွေးနေ့မှာ ပျော်ရွှင်စေဖို့ဆုတောင်းပါတယ်။။
                                                                                                   ဝေလင်း

2 comments:

~ဏီလင်းညို~ said...

ဝေလင်းရေ့..........

အိမ်မှာ အားနေတာနဲ့ ခုပဲရောက်လာတယ်.....း))
နတ်သမီးအတွက် ကဗျာလေးက ချစ်စရာ........။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

ကဗျာလေး ကြိုက်ပါသတဲ့ရှင်...
အစားအသောက်က မထည့်တော့ဘူးလားလို့...
အစားအသောက်ပုံလေးတွေကြည့်ပြီးရင်
ကဗျာလေးတွေ အရသာပျက်မှာလည်းစိုးတယ်...

စိတ်နဲ့သာ မန်းပြီးစားသွားတော့ဗျို့..
ကျေးဇူးအရမ်းတင်တယ်နော်..ဝေလင်းရေ..
စာမေးပွဲဖြေနိုင်ပါစေလို့ အဖြူရောင်နတ်သမီး ကဆုတောင်းပေးလိုက်တယ်နော်...