Saturday, June 25, 2011

တမ်းတခြင်း

တောင်ပံတွေကျိုးတုန်းက

ဆားငန်ရေတွေသောက်ဖူးတယ်..

မိုးကိုမျှော်ကြည့်တော့ဝေးတုန်းပဲ

မျက်ဝန်းတစ်စုံရယ်၊ အပြုံးတစ်ခုရယ် လိုချင်တယ်

တကယ်တော့ 

အပင်နဲ့ ဘယ်လောက်ဝေးဝေး ပန်းကတော့ မွှေးမှာပဲ

ငါကသာ မနေတတ် မထိုင်တတ်နဲ့ အကြည့်တွေငတ်ခဲ့တာ

Good Bye!!!! မိန်းကလေးရေ

 ကြင်နာတတ်တဲ့ နင့်နှလုံးသားပေါ် ကြယ်တွေကြွေပါစေ

ငါကတော့ ကြယ်တွေမြင်တိုင်း နှလုံးသားချင်းနီးခဲ့တဲ့ နေ့တွေကို သတိရနေဦးမယ်...


PS  နည်းနည်းတော့ ရည်းစားစာဆန်နေလားမသိဘူး.... :((((((
                                                                                        ဝေလင်း







3 comments:

အဖြူရောင်နတ်သမီး said...

ငါ့မောင်လေး..
အဟေးးး
ကဗျာလို့ပြောပြီး ကြွေပြနေတာမလား..
မသိရင်ခက်မယ်..
ကြိုးစားထားကွ..

စံပယ်ချို said...

တစ်ယောက်ယောက်ကိုပေးဖို့ရီးစား
စာလို့ထင်ပါဘူး
ဖတ်ကောင်းပါတယ်...
ခင်တဲ့ jas

နွယ်လေး said...

ခိခိ..
နွယ့်ကိုပေးတဲ့ ရည်းစားစာလားဟင်..
ခင်လို့စတာပါ...
အားပေးနေပါတယ်ရှင်...