တောင်ပံတွေကျိုးတုန်းက
ဆားငန်ရေတွေသောက်ဖူးတယ်..
မိုးကိုမျှော်ကြည့်တော့ဝေးတုန်းပဲ
မျက်ဝန်းတစ်စုံရယ်၊ အပြုံးတစ်ခုရယ် လိုချင်တယ်
တကယ်တော့
အပင်နဲ့ ဘယ်လောက်ဝေးဝေး ပန်းကတော့ မွှေးမှာပဲ
ငါကသာ မနေတတ် မထိုင်တတ်နဲ့ အကြည့်တွေငတ်ခဲ့တာ
Good Bye!!!! မိန်းကလေးရေ
ကြင်နာတတ်တဲ့ နင့်နှလုံးသားပေါ် ကြယ်တွေကြွေပါစေ
ငါကတော့ ကြယ်တွေမြင်တိုင်း နှလုံးသားချင်းနီးခဲ့တဲ့ နေ့တွေကို သတိရနေဦးမယ်...
PS နည်းနည်းတော့ ရည်းစားစာဆန်နေလားမသိဘူး.... :((((((
ဝေလင်း

3 comments:
ငါ့မောင်လေး..
အဟေးးး
ကဗျာလို့ပြောပြီး ကြွေပြနေတာမလား..
မသိရင်ခက်မယ်..
ကြိုးစားထားကွ..
တစ်ယောက်ယောက်ကိုပေးဖို့ရီးစား
စာလို့ထင်ပါဘူး
ဖတ်ကောင်းပါတယ်...
ခင်တဲ့ jas
ခိခိ..
နွယ့်ကိုပေးတဲ့ ရည်းစားစာလားဟင်..
ခင်လို့စတာပါ...
အားပေးနေပါတယ်ရှင်...
Post a Comment