ညသန်းခေါင်ယံ…..
မြွေ - အစာရှာထွက်လာတယ်။
ဖား - အစာရှာထွက်လာတယ်။
လူ - ဟင်းစားထွက်ရှာတယ်။
မြွေ - ဖားအော်သံကြားတယ်။
ဖား - မြွေတွန်သံကြားတယ်။
လူ - မြွေတွန်သံနဲ့ ဖားအော်သံကြားတယ်။
မြွေ - ဖားဆိုတာ အစာပဲ။ လှမ်းဟပ်လိုက်တယ်။
ဖား - မြွေဆိုတာ အန္တရာယ်ပဲ။ ကောက်ရှောင်လိုက်တယ်။ ကံကောင်းလို့ မြွေပါးစပ်က လွတ်သွားတယ်။
လူ - မြွေဆိုတာ အန္တရာယ်ကောင်ပဲ။ ရိုက်သတ်လိုက်တယ်။ စောနက ဖားအော်သံ ကြားပါတယ်။ ဟင်းစားတော့ ရပြီ။ ရိုက်သတ်လိုက်တယ်။ နောက်ပြီး နှစ်ကောင်လုံးကို ပလိုင်းထဲကောက်ထည့် အိမ်ဘက်ကို ခြေဦးလှည့်ခဲ့တော့တယ်။
3 comments:
မြွေရော ဖားရော....စားရဲဘူး.....
လူ ....တော်တော် ဆိုးတာပဲ....
ညီလေးရေ...
သမုဒ္ဒရာ... ၀မ်း.... တစ်ထွာလေနော်....
ခင်မင်တဲ့
ဏီလင်းညို
ဒီလူကတော့ ပွတာပဲ :)
Post a Comment