Thursday, November 4, 2010

အနီးဆုံးအကွာအဝေး

   
အနီးဆုံးအကွာအဝေး
သူငယ်ချင်းနာမည်တတ်ထားတဲ့ ငါ့သံယောဇဉ်က
ဘယ်လောက်ဖြူစင်ခဲ့ပါသလဲ
အလဲလဲ အပြိုပြို မျက်ဝန်းတွေက
ယုံကြည်ဖို့မကောင်းခဲ့တာတော့လည်း အမှန်ပဲ
ကောင်မလေးရေ..
နင်နေမကောင်းဘူးဆိုရင်
ငါတကယ်စိတ်ပူတာပါ
မဖြစ်သင့်တဲ့ ချစ်ခွင့်ကို
ကမ်းလင့်လာတဲ့ထိ မျှော်လင့်လို့ရမလား
ငါတိတ်တိတ်လေး သေဆုံးချင်လို့ပါ။
ငါဟာအခြားတစ်ယောက်ပါ
ငါ့မှာနင်ပဲရှိရဲ့
နင်က အခြားတစ်ယောက်ပါ
နင့်မှာ သူပဲရှိခဲ့
ဒါပေမယ့် ငါမြတ်နိုးသွားတယ်..။

မတက်ဖြစ်တာတောင် တော်တော်ကြာသွားပါတယ်။ စာတောင်လိုက်မဖတ်ဖြစ်ပါဘူး။ မဖတ်ဖြစ်ဘူးဆိုတာက အပြင်မှာတော့ ဖတ်ဖြစ်ပါတယ်။ အိမ်ကပို့လိုက်တဲ့ စာအုပ်တွေရော..။ ကိုယ့်ဟာကိုယ်ဝယ်ထားတဲ့ စာအုပ်တွေပါ မူးနောက်နေအောင်ဖတ်ပါတယ်။ ပြီးတော့ စိတ်ဓါတ်လည်းကျနေပါတယ်။ ပိုးစိုးပက်စက်ကို ကျနေတာပါ။ ဖြေချင်နေတဲ့ စာမေးပွဲတစ်ခုအတွက် ဆရာရှာမရလို့ပါ။ တော်တော်စိတ်ပျက်ပါတယ်။ ကူညီပေးနိုင်တဲ့ သူကလည်း အလုပ်ကနေပြောင်းသွားပါတယ်။ စိတ်ကိုယ်ဒုံးဒုံးချပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး နေရပါတယ်။ စိတ်ညစ်တာကတော့ တော်တော် ညစ်တာပါ။ နောက် ပြောချင်တာ တစ်ခုက ခုလာမည့် ၈ ရက်နေ့ဆို ဘလော့ဂ်လေးတစ်နှစ်ပြည့်ပါတယ်။ ကိုယ်ကိုတိုင် ဘာလုပ်ဖြစ်မယ်လည်း မတွေးရသေးပါဘူး။ ဘာမှလည်း ထူးထူးခြားခြားလုပ်ဖို့ စိတ်ကူးမထားပါဘူး။ စိတ်ကူးချင်စိတ်လည်း ခုချိန်မှာ မရှိပါဘူး..။ လိမ်ဖယ်လိမ်ဖယ်နဲ့ တစ်နှစ်ပြည့်တော့မှာမို့ ပျော်တော့ပျော်ပါတယ်။
အားလုံးပျော်ရွှင်ပါစေ..
ဝေလင်း..။

1 comment:

အဖြူရောင်နတ်သမီး said...

“ ဒါပေမယ့် ငါမြတ်နိုးသွားတယ်”...
အဲဒီတကြောင်းထဲနဲ့တင် ကောင်မလေးတော့ ကြွေပြီစရာ...

စကားမစပ်...
စာမေးပွဲဖြေဖို့ ဆရာမြန်မြန်ရှာတွေ့ပါစေ...
သဘောကောင်းတဲ့ ဆရာနဲ့တွေ့ပါစေ..
ကျက်တဲ့စာတိုင်းလည်း ခေါင်းထဲရောက်ပါစေ..