Saturday, November 6, 2010

အမြွှာနှစ်ကောင်ရဲ့ စကားပြော...


တခါက မိခင်တစ်ယောက်ရဲ့ ၀မ်းထဲမှာ အမြွှာညီအစ်ကို နှစ်ယောက် ရှိခဲ့တယ်။ အဲဒီနှစ်ယောက်ထဲက တစ်ယောက်က သူ့ရဲ့အတွေးကို တခြားတစ်ယောက်ကို ပြောပြတယ်…။

“မင်းသိလား.. ငါတော့ မွေးဖွားခြင်းဆိုတာ ပြီးရင် သိပ်လှပကောင်းမွန်ပြီး အံ့ဩစရာ အတိပြီးတဲ့ ဘ၀ရှိလိမ့်မယ်လို့ ထင်တာပဲ”

အဲဒီစကားကိုကြားတော့ နောက်တစ်ယောက်က မထိန်းနိုင်မသိမ်းနိုင်ပဲ သူ့ရဲ့ သွားတောင်မပေါက်သးတဲ့ အပြုံးနဲ့ တုန့်ပြန်တယ်။

အဲဒါ တကယ့်ဟာသပဲ ဘာတဲ့ မွေးဖွားပြီးနောက်ဘ၀ဟုတ်လား? ပထမတစ်ယောက်ရဲ့ အမြင်ကို ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်လိုက်တယ်။

ဘယ်လိုများလဲ မင့်အမြင်က။ ဘယ်လိုပုံစံမျိုး ဖြစ်နိုင်မလဲ။ အဲဒီမင်းပြောတဲ့ ဘ၀ဆိုတာက။

ဘယ်လိုလဲတော့ အတိအကျမသိဘူးလေ။ ငါ့အထင်တော့ ကမ္ဘာပေါ်မှာ ပိုပြီးလင်းလိမ့်မယ်။ ငါတစ်ခါ အဲဒီအလင်းရောင်ကို အိပ်မက်ထဲမှာ မြင်ခဲ့ဖူးတယ်။ အသေအချာတော့ မပြောနိုင်ဘူး ဘယ်လိုဖြစ်မယ်ဆိုတာ။ ဒါပေမယ့် ငါတို့တတွေ ကိုယ့်ခြေထောက်နဲ့ကိုယ် သွားနိုင်မယ်။ ပြီးတော့ တကယ့် အံ့ဖွယ်သရဲပဲ။ ဖြစ်နိုင်တာက ငါတို့တတွေ ပါးစပ်နဲ့လည်း စားနိုင်မယ်ထင်တာပဲ။

အရေးမပါတာတွေကွာ။ မင်းပြောတာတွေက ဘယ်လိုမှမဖြစ်နိုင်တာပဲ။ ငါတို့ အသက်ဖြစ်တဲ့ ချက်ကြိုးက တိုတိုလေးဟာကို လမ်းလျှောက်သွားဖို့ဆိုတာ တွေးကြည့်ဖို့တောင် တော်တော်ခက်တယ်။ မဖြစ်နိုင်ပါဘူးကွာ။ ငါတို့တွေ ကိုယ့်ခြေထောက်နဲ့ ကိုယ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ မွေးဖွားပြီးနောက်ပိုင်းလည်း ဘယ်သူမှပြန်လာတာမတွေ့ရဘူး။ ကြားလည်းမကြားဖူးဘူး။ မင်းခေါင်းထဲမှာ ဘယ်လိုအတွေးအခေါ်တွေ ရောက်နေတာလဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေပါနဲ့။ မွေးဖွားပြီးသွားရင် အားလုံးပြီးဆုံးသွားပြီ။ မွေးဖွားပြီးနောက်ဆိုတာ ဘာမှမရှိတော့ဘူး။ ကိုယ့်တို့ ဘ၀ဆိုတာ အမှောင်ထုထဲမှာ ဒုက္ခခံနေရတာသက်သက်ပဲ။

ပထမ တစ်ယောက်ကကျေနပ်မသွားဘူး။ သူ့အတွေးတွေကို ထပ်ပြောပြန်တယ်။

“ငါ့အထင်တော့ ငါတို့ တစ်ချိန်မဟုတ် တချိန်တော့ အမေဆိုတာကို မြင်ခွင့်ရနိုင်တယ်ထင်တာပဲ။ ပြီးတော့ ငါတို့ဒီဘ၀မှာနေရတာဟာ အချိန်အတိုင်းအတာတစ်ခုအထိပဲနေမှာ၊ မွေးဖွားပြီးနောက် ငါတို့ရဲ့ ဘ၀အသစ်အတွက် အဆင်သင့်ဖြစ်ဖို့ ဒီမှာ ခဏနေနေကြရတာပဲထင်တယ်။”

ဒုတိယတစ်ယောက်က ခေါင်းကို ဖြည်းဖြည်းခြင်းခါတယ်။

“အမေကို ယုံတယ်! အဲဒါကတော့ အတွေးအခေါ် အစွန်းရောက်သွားပြီ။ တကယ်လို့ သူ့ကို မမြင်ရရင် သူမရှိလို့ပဲပေါ့။ ကိုယ်ဥာဏ်ကျယ်ရယ် ပြောစမ်းပါဦး အမေဆိုတာရှိရင် ဘယ်မှာလဲ? ပြစမ်းပါ။”

“ဘယ်လိုများပြောပြရမလဲတောင် မသိတော့ဘူး။ ဒါပေမယ့် ငါ့နှလုံးသားက ခံစားလို့ရတယ်။ သူ့ရဲ့ အကြင်နာ မေတ္တာ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ၊ ပြီးတော့ ညညဆို ပတ်ဝန်းကင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့အခါ သူက ငါတို့ရဲ့ ကမ္ဘာကို ပွတ်ပြီး တိတ်တိတ်လေး သီချင်းဆိုတာတွေ။ တကယ့် ငြိမ်းချမ်းမှုပဲ၊ ၀မ်းမြောက်ကြည်နူးမှုပဲ။ သူကိုယ်တိုင် တို့ကမ္ဘာထဲကို ရောက်လာသလိုခံစားရတယ်။ အတိအကျမပြောနိုင်ပေမယ့် ငါယုံတယ်။ သူမတကယ်ရှိတယ်ဆိုတာကိုပေါ့….”
ဒီအကြောင်းအရာကတော့ ဖလော်ဆော်ဖီချိန်မှာ ဆရာမပြောပြခဲ့တာလေးပါ။ ဖတ်ပြခဲ့တာဆိုရင် ပိုမှန်ပါတယ်။ သူ့ဆီမှာ တင်ထားတာလေးကို ကူးပြီး ဘာသာပြန်ထားတာပါ။ သူကလည်းပြောပါတယ်။ သူကလည်း တခြားတနေရာမှာ ဖတ်ရတာတဲ့။ အဲဒါကြောင့် မူရင်း ဘယ်သူ့ဆီက ဘာသာပြန်တယ်ဆိုတာကိုတော့ မဖော်ပြတော့ပါဘူး။ (မသိလို့ပါ။) သေချာတာကတော့ ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး။ ဒီပို့စ်လေးအတွက်တင်မဟုတ်ပါဘူး..။ ဆရာမလမ်းညွှန်ပေးလို့ ဖတ်ဖြစ်ခဲ့တဲ့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေအတွက်ပါ ကျေးဇူးတင်မိပါတယ်။ ပို့စ်လေးရဲ့ ဆိုလိုရင်းက ဘာသာရေးနည်းနည်းနွယ်ပေမယ့် တင်ပြပုံနဲ့ အတွေးလေးကို ကြိုက်လို့ ဘာသာပြန်ပြီး တင်ဖြစ်သွားတာပါ...။

3 comments:

အင်ကြင်းသန့် said...

မျှဝေပေးလို့ ကျေးဇူးပါဝေလင်းရေ....
အမေ့ကိုလည်းသတိရသွားတယ်။

busymozzee said...

လူဆိုတာ ဒွိဟများရဲ့ သတ္တဝါပဲ ကိုဝေလင်းရေ...

ချစ်ကြည်အေး said...

္ထပျောက်လှချည်လား ငါ့မောင်လေး.....။ မိခင်မေတ္တာဟာ သားသမီးတွေနဲ့ မိခင်ကို ချည်ထုံးထားတဲ့ ကြိုးတချောင်း.....