Tuesday, March 30, 2010

တံခါးခေါက်ခံရတဲ့ညနေ..


တံခါးခေါက်ခံရတဲ့ညနေ
 တည်ငြိမ်ပါတယ်ဆိုတဲ့ရေပြင်ဟာ
လေတစ်ချက်အဝေ့မှတင်
လှုပ်ရှားသွားရတယ်..။

ချစ်သူ့အသံအကြား
ငိုကြွေးသွားတဲ့လူငယ်...
ကိုယ့်ကိုယ်ကို လိမ်လည်ထားရတဲ့ကြား
မေ့ထားတဲ့ အမှန်တရားက
ခဏခဏ လူလုံးလာမပြစေချင်ဘူး။

တွေ့ဆုံကြုံကွဲကံကြမ္မာမှာ
တွေ့ဆုံပြီး ကြုံရတာကို ဖယ်ထားချင်တယ်။

အမှန်အတိုင်းပြောရရင် ဒီကဗျာဟာ မျက်ရည်တစ်စက်ဖြစ်တယ်..။
                                                                                ဝေလင်း
Note:
ဒီအတောအတွင်း ရခဲ့တဲ့ ဒဏ်ရာတစ်ချက်ပါ။ မျက်ရည်တစ်စက်ဆိုလည်း မမှားပါဘူး။ ဘာတွေနဲ့ရှုပ်လို့ ရှုပ်နေမှန်းမသိလို့ ကိုယ့်အိမ်ကိုတောင် မရောက်ဖြစ်တဲ့ အတွက် မောင်နှမတွေဆီလိုက်မလည်ဖြစ်တာ တောင်းပန်ပါတယ်။ တင်ဖို့ပြင်ထားတာလေးတွေ ရှိပေမယ့် လက်စမသတ်နိုင်သေးတာရော... လောလောလတ်လတ် ဒီကဗျာလေးကို တင်ချင်မိတာကြောင့်ရော ကဗျာပဲ တင်လိုက်ပါတယ်။ စာမေးပွဲရာသီထဲလည်း ပြန်ဝင်လာပြီ ဖြစ်လို့ သိပ်ရောက်ဖြစ်နိုင်ဦးမှာမဟုတ်ပါဘူး။ ( အစ်မချစ်ကြည်အေးကိုလည်း တောင်းပန်ပါတယ်။ tag ပို့စ်အတွက် ခဏစောင့်ပေးပါဦးလို့.. )

3 comments:

သိင်္ဂါကျော် said...

မျက်ရည် တစ်စက်က ဖြစ်သွားတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်..

ဏီလင်းညို said...

ညီလေးရေ....
ဘာတွေဖြစ်နေလဲ.......
ကဗျာလေးကို ခံစားမိတယ်......။
ဒီလိုပဲပေါ့ညီလေး......
ကြာလာတော့လည်း..... အဆင်ပြေနေပျော်သွားမှာပါ......။
အစ်ကိုလည်း တက်ဂ်ထားတယ်နော်......ကိုယ့်အကြိုက်ဆိုတာ..........း))
ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

မျက်ရည်တစက်နဲ့ရေးတဲ့ကဗျာ....
မျက်လုံးတဖက်ထဲနဲ့ ဖတ်သွားပါတယ်...
ကဗျာပိုဆန်သွားအောင်လို့...:P