Tuesday, April 6, 2010

နောက်ကြည့်မှန်..


နောက်ကြည့်မှန်

အတိတ်တွေကျစ်လျစ်လာတဲ့အခါမှာ
သမိုင်းတွေဖြစ်ဖြစ်လာခဲ့တယ်။

(တချိန်က)
မင်းရှေ့ကပန်းတိုင်က
ခု မင်းနောက်က သမိုင်း
နောက်ကြည့်မှန်ထဲမှာ မရိုင်းဖို့လိုတယ်..။

တချို့တွေကနီးလာ
တချို့တွေကဝေးလာ
မှုန်ဝါးပြီးပျောက်
ထင်ရှားပြီးရောက်လာကြ။

ငါတို့အတွက်
ရှေ့ကိုလှုံခြုံဖို့လိုသလို
နောက်ကို ယုံကြည်ရဖို့လည်းလိုတယ်။

ကိုယ်ကိုယ်တိုင်မကြည့်ရဲတဲ့ မျက်နှာ
နောက်ကြည့်မှန်ထဲပါမလာဖို့ ကြိုးစားကြမယ်။   ။

Note; မနေ့က စာရေးရင်း သိချင်တာလေးတွေရှိလို့ မနှစ်က သင်တဲ့ စာရွက်စာတမ်းတွေ ပြန်ရှာကြည့်ရင်း ဒီကဗျာလေးကို ပြန်တွေ့ပါတယ်။ (ကို)မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ကို မဖတ်မိခင် နာမည်အရင်ကြားပြီး နာမည်လေးကိုပဲ တွေးပြီး ရေးထားမိတာပါ။ သိပ်အဓိပ္ပာယ်ပြည့်ဝတဲ့ စာလုံးလေးလို့ တွေးမိပါတယ်။ ရေးမိတုန်းက ကိုယ့်ဟာနဲ့ကို မကြိုက်တော့လို့ ချောင်ထိုးထားတာ ခုပြန်တွေ့တော့ နှမြောတာနဲ့ ပြန်တင်ဖြစ်တာပါ။ ခေါင်းစဉ်ကလွဲပြီး ဒီကဗျာဟာ (ကို)မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်နဲ့ ဘာမှတော့ ဆိုင်မှာမဟုတ်ပါဘူး။ ခေါင်းစဉ်လေးသက်သက်ကိုပဲ တွေးပြီးရေးထားတာမို့ပါ။ ဘာပဲပြောပြော ခေါင်းစဉ်လေးအတွက် (ကို)မင်းကိုနိုင်ကို ကျေးဇူးတင်မိပါတယ်။ ဒီခေါင်းစဉ်လေးကပဲ ကျွန်တော့်ကို အတွေးတချို့ပေးပါတယ်။ နောင်တစ်ချိန် နောက်ကြည့်မှန်ထဲ ကိုယ်ပြန်ကြည့်လို့ မြင်ရမယ့် ကိုယ့်မျက်နှာဟာ ကိုယ်ကိုယ်တိုင်ကြည့်ဝံ့ဖို့တော့ လိုပါလိမ့်မယ်။
ပျော်ရွှင်ပါစေ
ဝေလင်း

8 comments:

သိင်္ဂါကျော် said...

အဓိပ္ပါယ်လေးလည်း ကောင်း..
စကားလုံးလေးတွေလည်း လှတဲ့ ကဗျာလေးပဲ

ချစ်ကြည်အေး said...

ငါ့မောင်လေး အရမ်းတော်...ကဗျာ အရမ်းကောင်း...ကြိုက်စ်....:)

Beauty Studio USA Branded Store said...

လူသားတွေ ဖန်တီးချက်ပြုတ်ခဲ့တဲ့ သမိုင်းတွေ နောင်လာနောင်သားတွေ မြည်းကြည့်တဲ့အခါ ချိုမြိန်ဟင်းလျှာတွေ ဖြစ်ဖို့ ညီကဗျာ လေးမှာ ထင်ဟပ်နေတယ်။

Anonymous said...

ဝေလင်းရဲ့နောက်ကြည့်မှန်လေးလည်း
ကောင်းပါတယ်။

~ဏီလင်းညို~ said...

ဝေလင်းရေ.....
ဟုတ်တယ်....... ညီလေး...။
အဲ့ဒါအမှန်ပဲ........။
ခင်မင်တဲ့
ဏီလင်းညို

thaingarra said...

လှတယ်ဗျာ ...

နောင်တ ဆိုတာ မရှိရမယ့် ...

ကိုယ့် လိပ်ပြာ ကိုယ် သန့်အောင်

ယုံကြည်နိုင်မယ့် ...

မနေ့က အကြောင်းတွေ က တစ်ကယ်ပဲ

ပါးရှားသားဗျာ ... :)

sosegado said...

ဒါကပိုကောင်းတယ်

ကိုလူထွေး said...

ကဗျာထဲကစာသားတွေရော ကဗျာခေါင်းစဉ်ရောမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေတာ တွေ့ရတယ်...

းဝ)