`မင်္ဂလာပါ´
ဒါပါပဲကွယ်။ ငါပြောခွင့်ရှိတာ ဒီတစ်ခွန်းသာပါ
`အဆင်ပြေရဲ့လား´တဲ့
ရက်ရက်စက်စက် ထိုးခုတ်သတ်ဖြတ်ပြီးကာမှ `နာသွားသေးလား´လို့
မေးချင်သေးတာတဲ့လား။
ငါ့ကို မချစ်လို့ ရပါရဲ့၊ မုန်းလို့ရပါရဲ့၊
သနားခွင့်တော့ မင့်မှာ မရှိပေဘူး
ဒါတွေအားလုံး ကြိုသိခဲ့ရင်..
ငါပြင်ဆင်ချိန်ရခဲ့မှာပဲ။
ခုတော့ သတ်မှာကိုပဲ နာကျင်မှာစိုးလို့
ဓါးကိုဖြည်းဖြည်းချင်း ထိုးသွင်းခဲ့တာပါတဲ့
မြတ်နိုးဖွယ်မဟာ ဂရုဏာတော်ပါပဲကွယ်....။
(ဝေလင်း)
11 comments:
အားလုံး အစိပ်စိပ်ဖြစ်ပြီးကာမှ..
အဆင်ပြေရဲ့လား မေးတာ ရိတာပေါ့။
စိတ်မညစ်ပါနဲ့ ဝေလင်းရေ။
ဒါ...ညိုမြလုပ်တာပဲ...
ငါ့မောင်...အတွေးသိပ်မခေါင်နဲ့...
ဆက်လိုက်...ဆက်ဖိုက်..
မင့်အမ(ငါ)အနောက်က လိုက်ပေးမယ်..
:P
အင်းးးး
ဘာပြောရမှန်းကို မသိတော့ဘူး .. :D
ထုံဆေးလေးနဲ့ လုပ်လို့ ပြောပလိုက် ပြောပလိုက်....:P
အရာအားလုံးဟာ ကြိုသိခဲ့ရင်ဆိုတာနဲ့ပဲ..
ခင်မင်စွာ
သဒ္ဓါ
အနော့ကိုသနားလို့တဲ့
ကင်ဒိုဓါးနဲ့ ခုတ်ချလိုက်တယ်
ခေါင်းပါပြတ်ရော..........
ဟီးးးးးးးးးးး
ပျော်စေချင်လို့စတာ
ပြောင်တကယ်အတည်...
ထက်သူရ
ကျေးဇူးပါညီငယ်
ကျေးဇူးပါညီငယ်
ကျေးဇူးပါညီငယ်
ရက်ရက်စက်စက် သတ်ဖြစ်သွားတော့လည်း
နောက်ဆုံးမှာ အသက်မဲ့တဲ့ နှလုံးသားနဲ့
ဆက်လက်ရှင်သန်နေဆဲပါလေ...
အားပေးဖတ်ရှုခဲ့ပါတယ်ရှင်....
ကူးယူဖော်ပြခွင့် ပြုပါလေ
Post a Comment