Sunday, December 6, 2009

ပဋိပက္ခ..

ပျံသန်းခွင့်မရှိမယ့် အတူတူတော့
လှောင်ချိုင့်တံခါးကို အသာပိတ်
အိပ်လိုက်တာပဲကောင်းမယ်ထင်ပါရဲ့
တောင်တန်းနဲ့ပင်လယ်
အိပ်မက်ထဲပဲ ထည့်သယ်ကြတာပေါ့
မိုးမလင်းတော့မယ့် မနက်ဖြန်အတွက်တော့
ငါထူးပြီးစိတ်မပူတော့ဘူး….
ရှေ့ကိုပဲလျှောက်လျှောက်၊ နောက်ကိုပဲလျှောက်လျှောက်
နောက်ဆုံးတော့ သန်းခေါင်ပဲ ပြန်ရောက်တာပဲ
တစ်နိုင်သယ်ခွင့်ရမယ်ဆိုရင်တောင်
ငါ့အိပ်မက်ငါမနိုင်တော့ဘူး……
“မင်းတစ်ယောက်ပဲခံစားတတ်မယ်ထင်နေလားတဲ့”
ဟုတ်ကဲ့ အဖေ
လူဆိုတာ ကိုယ့်ဗဟိုနဲ့ကိုယ် ၀ိုင်းနေတဲ့ စက်ဝိုင်းတွေပါအဖေ
ဒါပေမယ့် တစ်ချို့ကတော့ ဗဟိုနှစ်ခုရှိတဲ့ ellipse တွေလည်း ဖြစ်နေနိုင်တယ်
သားကိုလည်း အတ္တလေးနည်းနည်းတော့ ကြီးခွင့်ပေးပေါ့
အဖေ့နေရာ ၀င်မထမ်းနိုင်တောင်
အဖေ့အတွက် “ပခုံးခုဝတ်လေး” ဖြစ်ချင်တာ
သားဆန္ဒပါ……..

2 comments:

~ဏီလင်းညို~ said...

ညီလေးရေ...
“အဖေ့အတွက် “ပခုံးခုဝတ်လေး” ဖြစ်ချင်တာ
သားဆန္ဒပါ”……..
ကောင်းတယ်...။ သဘောကျတယ်...။ အစ်ကို့ ဖေဖေကိုလည်းလွမ်းသွားတယ်...။

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ဒီလို ကဗျာလေးတွေ ရေးချင်တယ် ဗျာ ...။

တကယ် စိတ်ထဲကို ရောက်တယ် ။