Tuesday, December 29, 2009

မျက်နှာဖုံး

                                                            

"ကြွပါခင်ဗျာ...။"ဘာများအလိုရှိပါသလဲ။"
"မျက်နှာဖုံးလိုချင်လို့"
ဟုတ်ကဲ့...ဘယ်လိုမျက်နှာဖုံးမျိုးလိုချင်ပါသလဲ..."
"ပထမတစ်ခုက သဘောကောင်းဖောရွေတဲ့ မျက်နှာဖုံး..."
"နောက်စိတ်မကောင်း ၀မ်းနည်းတဲ့မျက်နှာဖုံး.."
"ရိုကျိုး ရိုးသားတဲ့မျက်နှာဖုံး"
"ရှိတဲ့မျက်နှာဖုံး အကုန်သာပေးဗျာ..."
အကုန်.. ဟုတ်လား? အဲလောက်အများကြီးဘာလုပ်မှာလဲဗျ
လိုအပ်လို့ပေါ့ဗျ...မျက်နှာဖုံးမရှိဘဲလောကကြီးမှာ ရှင်သန်ဖို့
ရာ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားသိလို့လား..။
အရင်က ကျုပ်က မူလမျက်နှာနဲ့ပဲနေထိုင်ခဲ့တာ။စိတ်ဆိုးစရာ
ရှိရင် စိတ်ဆိုးလိုက်တာပဲ၊ ၀မ်းသာစရာရှိရင် ၀မ်းသာပစ်လိုက်တယ်၊
မကျေနပ် စရာတွေ့ရင်လည်းမကျေနပ်ပစ်လိုက်တာပဲ...။အဲလိုနေခဲ့တဲ့
အတွက် ဘာတွေ ဖြစ်လာလဲသိလား...?
လူတွေကကျွန်တော့ကို ရွံကြောက်ကြီးဖြစ်လာကြတယ်။ကျွန်တော်နဲ့ဆက်ဆံဖို့
ရှောင်ဖယ်လာကြတယ်။လူတွေကြားထဲမှာ လူမဟုတ်သလို အထီးကျန်လာရတယ်..။
ကဲထားပါတော့ဗျာ ပေးမှာသာပေးပါ။
နေအုံးမေ့တော့မလို့ ဘာပုံပန်းမှမပါတဲ့ ဗြောင်မျက်နှာဖုံးတစ်ခုလည်း ထည့်လိုက်ပါအုံး။
လောကကြီးမှာ မျက်နှာပြောင်တိုက်ရမယ့် အခြေအနေတွေလည်းအများကြီးပဲလေ..။
ဟုတ်ကဲ့ ဒီမှာအားလုံးထုပ်ပိုး ပြီးပါပြီ။
'ဟုတ်လား ကျေးဇူးပဲ ဘယ်လောက်ကျလဲ'
ပစ္စည်း တန်ဖိုးကငွေသားနဲ့ချေရမှာ မဟုတ်ပါဘူးခင်ဗျာ...
ဒါဆိုချက်နဲ့လား အဲဒါလည်းအဆင်ပြေသားပဲ..."
"မဟုတ်ပါဘူး၊ ငွေသားနဲ့မဟုတ်ဘူးဆိုတာက၊ ဒီမျက်နှာဖုံးကိုလက်ခံရရှိပြီးတာနဲ့
တပြိုင်နက်  ခင်ဗျားရဲ့ခံစားချက်တွေ အားလုံးကို ဒီမှာထားခဲ့ဖို့ပါပဲ။
မျက်နှာဖုံးနဲ့ရှင်သန်ဖို့ ဆိုံးဖြတ်ပြီးမှတော့ ခံစားချက်အစစ်တွေမလိုအပ်တော့ဘူးမဟုတ်ား.။
"ကောင်းပြီလေ ကျွန်တော်ထားခဲ့ပါ့မယ်။

မျက်နှာဖုံးတွေနှင့်အသားကျနေသော လူ့လောကဆီသို့ မျက်နှာဖုံးများစွဲကိုင်ကာ       ရင်ကော့၍ထွက်လာတော့သည်။
                       

11 comments:

~ဏီလင်းညို~ said...

ညီလေးရေ...
အစ်ကိုဆိုရင်တော့မလဲဘူးကွာနော်...။
ဟန်ဆောင်ခြင်းတွေကို မုန်းမိနေတတ်လို့လေ...။
ခင်မင်တဲ့
ဏီလင်းညို

သက်တန့်ချို said...

ဟုတ်တယ်ကိုဝေလင်းရေ.. မျက်နှာဖုံးတွေကို ခွာချနိုင်ရင်တော့ အကောင်းဆုံးပဲနော်.. အတွေးလေးကောင်းတယ်ဗျာ ။ ..

ခြင် said...

ခံစားချက်တွေ ထားခဲ့ရမယ်တဲ့လား... အင်း အဲတာလဲ ကောင်းတာပဲ... ကိုဝေလင်းရေ... ပေါ့သွားမှာပေါ့နော်.... :)

နေ့အိပ်မက် said...

အင်.. မျက်နှာဖုံးတွေတပ်ထားပြီး မျက်နှာဖုံးတွေပျက်စီးသွားရင် ခံစားချက်မရှိတဲ့ မျက်နှာသေကြီးပေါ်လာမှာလား @_@

နွေဆူးလင်္ကာ said...

ကောင်းတယ်ဗျို့။ အဲလို အတွေးလေးတွေ များများတွေးပါ။

ညရဲ့ကောင်းကင် said...

အကောင်းဆုံးကတော့ ရိုးသားစွာ ရှင်သန်ဖို့ပါကွာ...
ခံစားချက်တွေထားခဲ့ဖို့ မလိုသလို မျက်နှာဖုံးတွေ ယူဆောင်သွားဖို့လည်း မလိုပါဘူး...
အတွေးလေးတွေက တော်တော်ကောင်းတယ်...

busymozzee said...

မင်္ဂလာရှိသောနှစ်သစ်ပါ...... :)

အင်ကြင်းသန့် said...

အခုမှ ပထမဆုံးအကြိမ်ရောက်လာတာပါ...
အသက်ငယ်ပေမယ့်အတွေးလေးကောင်းလို့
လေးစားမိပါတယ်။
အစ်မသာဆိုရင်တော့ လူတွေကိုယ့်ကိုရှောင်ဖယ်မဆက်ဆံချင်ရင်လဲနေပါစေတော့
မျက်နှာဖုံးတွေကိုတော့မ၀ယ်ချင်ဘူး...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...

မယ်ကိုး said...

စာလေးကြိုက်မိပါတယ်။

ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
စာကောင်းလေးတွေ အများကြီးဆက်လက်ရေးနိုင်ပါစေ။

ရွှေပြည်သူ said...

အစ်မဆိုရင်တော့ မျက်နှာဖုံးကို ခံစားချက်အစစ်နဲ့ လဲမိလိမ့်မယ် မထင်ဘူး။ လဲမိတဲ့လူအတွက်လည်း တော်တော် ဝမ်းနည်းဖို့ကောင်းမှာပဲနော်။ အတွေးလေးတော်တော် ကောင်းပါတယ် မောင်လေးဝေလင်းရေ။ နှစ်သစ်မှာ စာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ။

အဖြူရောင်နတ်သမီး said...

လူတွေ...လူတွေ...
မျက်နှာဖုံးတွေကလည်း များပ...