Thursday, December 3, 2009

ကျွန်တော်တို့ပြောကြည့်ရအောင်......

ကဲကျွန်တော်တို့ ပြောကြည့်ရအောင်….
ဘယ်နေရာမှာများ ဘာနဲ့ကင်းခဲ့ကြလို့လဲ
“သူ”တောင်မလွန်ဆန်နိုင်တဲ့ လောကဓံ
ကျွန်တော်တို့က ထန်းလက်နဲ့ ခံမလို့လား
လောကမှာမြဲတယ်ဆိုတာ “မမြဲဘူး”ပဲရှိတယ်တဲ့
ဟုတ်ကဲ့ပါ။
ဒီနေ့ငိုပေမယ့်
နောက်နေ့ ကျွန်တော်သီချင်းဆိုပါမယ်…
အရှုံးပေးတာမဟုတ်ပေမယ့်
“ကျွန်တော်အောင်မြင်စွာဆုတ်ခွာတယ်”လို့ မသုံးချင်ပါဘူး
အရူးတစ်ယောက်ရဲ့ အိမ်မက်မှာ ရှင်ဘုရင်ဖြစ်ခွင့်ရတာ
ကျွန်တော်ကံထူးတာပေါ့
တကယ်တော့ ကျွန်တော်တို့ ရေတခွက်တောင်
မလိုအပ်ပါဘူး………..
လောကမှာ နောက်ကိုရဲရဲ ပြန်လှည့်ကြည့်ဝံ့သူ
ဘယ်နှစ်ယောက်များရှိပါလဲ
သူများကို ဟားတိုက်ရယ်ဖို့
ကိုယ်တိုင်သွားတိုက်ထားဖို့ လိုအပ်ပါတယ်
သင့်ကိုယ်သင် ပြန်မေးပါ
သူများကိုထိုးဖို့ သင့်မေးရိုးခိုင်ပြီလား…?
မနက်ဖြန်မှာ
ကော်ဖီသောက်ဖို့ ကျွန်တော်စောင့်နေပါ့မယ်
ခင်ဗျားဆက်ဆက်လာမယ်လို့တော့ ကျွန်တော်မမျှော်လင့်ပါဘူး
ဒါပေမယ့် ခုကျွန်တော်စောစောအိပ်ပါပြီ…..

5 comments:

မိုးခါး said...

အင်း
မိုးလင်းရင် သွားတိုက်ပြီး မှ ကော်ဖီလာသောက်ပါမယ် .. :D
အထိုးတော့ မခံရဲဘူး အသားနာမှာကြောက်လို့ပါ ..
ပြီးတော့ သီချင်းတူတူဆိုနိုင်မယ့် အပေါင်းအသင်းတွေ ဘေးနားမှာ ခေါ်ထားပေါ့ ..း)
အဆင်ပြေ ပျော်ရွှင်ပါစေး)

rose of sharon said...

ပြောလို့ဝသွားလို့ စောစောအိပ်နိုင်တာလား.... :)

သက်ဝေ said...

စောစောအိပ်တယ်ဆိုတာ မနက်စောစောကို ပြောတာထင်တယ်...
ပိုစ့်တင်တဲ့အချိန်က မနက် ၂ နာရီကျော် ဆိုတော့...

Unknown said...

ဟုတ်ပါဘူး အစ်မရာ..ကဗျာရေးဖြစ်တဲံအချိန်က ၁၂တောင်မထိုးသေးတော့ အမြဲ ၂ နာရီကျော်မှ အိပ်ဖြစ်တဲ့ ကျွန်တော့်အတွက် စောတယ်ပြောလို့ရတယ်လေ။ ကဗျာရေးပြီးအိပ်တော့မလို့ပဲ..တင်လိုက်ပါဦးမယ်ဆြိုီ့းဝင်လိုက်တာ ထုံးစံအတိုင်း ၂နာရီကျော်ပြန်ရော

အဖြူရောင်နတ်သမီး said...

ဘယ်လိုပဲဖြစ်ဖြစ် ...
ကဗျာဖတ်ရင်း ကော်ဖီသောက်သွားပါတယ်...
ကိုယ်တို့အတွက်ကတော့ အရှုံးမရှိပါ...:P