နောက်ဆုံးသေပစ်လိုက်ဖို့တဲ့လား...
လောကကို မင်းရောက်ရှိကြောင်းပြသဖို့
အမှန်ခြစ်အဲလောက်များများ မလိုပါဘူးကွယ်
အမှန်ခြစ်တွေဘယ်လောက်ရွာရွာ
ငါတို့က ရေများရာ,မှမဟုတ်တာ..
အိပ်မက်ထဲမှာတောင် လှိုင်းပုတ်သံ မကြားချင်သည်အထိ
ငါ့ရင်ခွင်အတိ ကန္တာရနဲ့ ဖြည့်မိတယ်
ဟုတ်တယ်လေ..
ငါတို့ဘ၀မှာ ပိုင်ဆိုင်ခွင့်ရတာ ဒါပဲရှိတာကိုး......။
လောကကြီးရေ !!!!!!!!!!
ကုလားအုပ်တစ်ကောင်အတွက်တော့ ကန္တာရက တိရစ္ဆာန်ရုံထက် ပိုကောင်းပါရဲ့....
8 comments:
ရှေ့ဆုံး ၂ ကြောင်း အကြိုက်ဆုံးပဲ.. တခါတခါတွေးရင်းနဲ့ ဘာကြောင့် အသက်ရှင်နေမှန်းကို မသိဘူး..း).. နောက်ဆုံးတော့လည်း သေမှာပဲ မလား...း)
ညီလေးရေ...
နောက်ဆုံးစာကြောင်းလေးကို.. တစ်ကယ်ကြိုက်တယ်ကွာ...။
(ဘလော့လေး တစ်လပြည့်သွားပြီဆိုတာ.. အစ်ကိုတစ်နည်းနည်းနဲ့ သိခဲ့တယ်...။ ၀ါသနာပါတဲ့ စာတွေ ကဗျာတွေ အများကြီး ရေးနိုင်ပါစေနော်...ညီလေးရေ...)
ခင်မင်တဲ့
ဏီလင်းညို
ဟုတ်တယ်နော် ဘ၀ဆိုတာ စာမေးပွဲအောင်တိုင်း အစာရေစာပေါကြွယ်တိုင်း ကျေနပ်ပျော်ရွှင်ရတာမှ မဟုတ်တာ
ကုလားအုပ်တစ်ကောင်အတွက်တော့ ကန္တာရက တိရစ္ဆာန်ရုံထက် ပိုကောင်းပါရဲ့....
သိပ်ကောင်းတယ်ညီလေးရေ...
နဲနဲသဘောပေါက်သလိုပဲ...
ခံစားချက်ပြင်းနေပုံရတယ်နော်..ညီလေး
ဒီကဗျာကြိုက်တယ်...
လောကကြီးရေ !!!!!!!!!!
ကုလားအုပ်တစ်ကောင်အတွက်တော့ ကန္တာရက တိရစ္ဆာန်ရုံထက် ပိုကောင်းပါရဲ့...
အဲ့အဓိပ္ပာယ်က အရမ်း ထိရောက်တာပဲ...
ကဗျာလေးကမိုက်ပါ့ ဝေလင်းရေ..
ဘလော့လေး ၁လပြည့်သွားပြီလား..
မွေးနေ့မလုပ်ဖူးပေါ့။
အဆင်ပြေပါစေ။
မောင်လေးရေ .. ဘ၀ဆိုတာ ဒီလိုပဲလေ... သေဆုံးဖို့အတွက် တိုင်ပွဲဝင်နေကြရတာပဲ။ ပေးထားတဲ့ ဥပမလေးကိုတော့ တကယ်နှစ်သက်တယ် မောင်လေးရေ။
ခင်မင်လေးစားလျှက်
Post a Comment