Thursday, December 17, 2009

မဖွဲ့သီဖြစ်သော….




ဖမ်းမမိတဲ့ကဗျာတစ်ပုဒ်

ငါဘယ်ကြိုးနဲ့တုပ်ရမလဲ

လွဲတတ်လွန်းတဲ့ အလွဲတွေထဲမှာမှ

နင်ကတော့ မှန်ခဲ့တယ်….။

နင့်လက်နဲ့ရက်တဲ့ ကောင်းကင်

ထဲထဲဝင်ဝင် ပျံသန်းကြည့်ချင်ခဲ့တယ်…

မီးခိုးငွေ့တွေကြား

နင့်စကားသံ….

ကြားချင်ခဲ့ဖူးတယ်

(တားများလေမလား…?)

ထောင့်မကျိုးတဲ့ ငပျင်းငါက

နင့်မေတ္တာကျတော့လည်း ငတ်ခဲ့တယ်

မလိုအပ်ပါဘူးကွယ်..

ငါ့အတွက် "မာန" တစ်ခုရှိရင်ပဲ

မတ်မတ်ရပ်လို့ဖြစ်ပါတယ်….။

ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်လှော်

ငါက,တော်ခွင့်မရခဲ့သူပါ………။

ကောင်းကင်က ကြယ်တစ်စင်းလိုပဲ(နင်)လင်းပါတော့။

ကောင်းကင်ရက်တဲ့လက်

တစ်ပါးသူအတွက်ပဲ ဖြစ်ပါစေတော့…

နင့်သိက္ခာ၊ ငါ့မာနကြား

စတေးသင့်တာတွေ များကောင်းများခဲ့မှာပေါ့

နင့်အကြောင်းတွေးတိုင်း

ကဗျာဖြစ်မလာတဲ့ ကဗျာတစ်ပုဒ်ကို

(ငါ) ရှက်မိတယ်

ဟင့်အင်း….

လ,ကကွယ်ခဲ့တာမဟုတ်ပါဘူး

ကောင်းကင်က ကွယ်ခဲ့တာပါ…။

လွယ်လွယ်မရတာမှ တန်ဖိုးထားရမယ်ဆို

ဘယ်တော့မှရမှာမဟုတ်တဲ့ နင့်အချစ်က

တန်ဖိုးဖြတ်မရခဲ့တာ……….

ကြာပေါ့…………..။

ငါ့ပြတိုက်မှာတော့…

နင်ကပြခန်းအမှတ်(၁၃)ပဲဖြစ်တယ်….။




13 comments:

ချစ်ကြည်အေး said...

:D :D

Anonymous said...

ဘာလဲဟ ၁၃

Anonymous said...

ဘာလဲဟ ၁၃

Craton said...

ဘာလဲဟ ၁၃
(တင်းသွားပြီနော် မန့်လို့လဲရဘူး)

ညလင်းအိမ် said...

လွယ်လွယ်မရတာမှ တန်ဖိုးထားရမယ်ဆို
ဘယ်တော့မှရမှာမဟုတ်တဲ့ နင့်အချစ်က
တန်ဖိုးဖြတ်မရခဲ့တာ


အဲဒီစာသားလေးကြိုက်တယ် ညီ...
ခံစားချက်တွေတူနေပြီကွာ...

ခင်မင်လျက်
ညရဲ့ကောင်းကင်

Unknown said...

ကဗျာထဲကမိန်းကလေးက ၁၃ ရက်နေ့မှာမွေးတာပါ ကိုcraton ....

Anonymous said...

အော်..ဂလိုကိုး။ ငါ့နှယ် အထာမနပ်လို့ သုံးခါမန့်လိုက်ရတယ် ။ ရှက်ရှက်စ်ကွာ။ နောက်ဆို မင့်ဆီလာရင် သတိကြီးကြီးထားမှ :P

သားဖြိုး said...

၁၃ ဆိုတာ အများ သတ်မှတ်ထားတာ နမိတ် မကောင်းတဲ့ နံပါတ်လေ...။
ကိုဝေလင်းလည်း ချစ်သူနဲ့ ကံမကောင်းဘူး ထင်ပါတယ်... :)

WWKM said...

ခုတော့ ကဗျာတစ်ပုဒ် ဖြစ်သွားပြီပဲလေ.း)

Unknown said...

ကဗျာတစ်ပုဒ်ပေမယ့် ရေးချင်တာတွေရေးမရလို့ ပေါက်ထွက်လာတဲ့ ကဗျာပဲရှိသေးတယ် မမ၀ါရ...

မဆုမွန် said...

ကဗျာလေးကို လာခံစားသွားတယ် ငါ့မောင် အားပေးနေမယ်နော်

~ဏီလင်းညို~ said...

ဝေလင်းရေ...
ညီလေးရဲ့ ရင်ထဲက ခံစားချက်တွေကို စကားလုံးတွေနဲ့ ခင်းကျင်းပြသွားတာ.. အစ်ကိုတော့ ရင်သပ်ရှုမောပြီး ဖတ်သွားတယ်ကွာ...။ တစ်ကယ်...။
အချစ်ရေးကံကောင်းပါစေကွာ...။

ခင်မင်တဲ့
ဏီလင်းညို

မမသီရိ said...

အသက်လေး ငယ်ငယ် နဲ့ ကဗျာကောင်းတွေ ရေးနိုင်တာ
တော်လိုက်တာ
တကြောင်းချင်း မှာ စကားလုံးဖွဲ့သီမှု အသစ်တွေနဲ့
အရမ်းလှတာ ပဲ

နောက်ထပ်ကဗျာ တွေ စောင့်ဖတ်ပါ့မယ် သားရေ