Sunday, December 6, 2009

စကားစမြည်...

ကျွန်တော့် blog လေးကို နည်းနည်း ပုံပြောင်းလိုက်ပါတယ်။ အစကblog လေးက အရမ်းကျဉ်းနေတဲ့အတွက် ကိုယ့်blog ကိုယ်ဝင်တိုင်း အသက်ရှူကြပ်သလို ခံစားရလို့ ပြီးတော့ အရမ်းရှုပ်နေပြီး လာဖတ်တဲ့လူတွေလည်း ကျွန်တော့်လိုပဲ ဖြစ်နေမှာစိုးလို့ပါ။ ပြီးတော့ template အဟောင်းတုန်းက page အောက်ခံက အညိုရောင်ဆိုတော့ ပို့စ်အရောင်ခွဲရတာ ခက်ပါတယ်။ အဲဒါကြောင့် ဒီ template မှာတော့ အဖြူရောင်ပဲသုံးထားပါတယ်။ နောက်ပြီးတော့ ခရမ်းရောင်သုံးတာ များသွားပါတယ်။ ဒီရက်ပိုင်း ခရမ်းရောင်ကို ဘာလို့ အရမ်းသဘောကျနေမိလဲတော့ မသိပါဘူး။ အရောင်နဲ့ ပတ်သက်ပြီးရွေးရမယ်ဆို ခရမ်းရောင်ပဲစိတ်ထဲ ပေါ်ပေါ်လာတယ်။ မနေ့တုန်းကတည်းက လုပ်နေတာ လုပ်ပြီး ဘယ်လိုမှတင်မရဘူး။ error ပဲပြပြနေလို့။ ဒီနေ့မနက်မှာမှ တစ်မနက်လုံးအချိန်ပေးပြီး ဟိုပြင်လိုက်၊ ဒီပြင်လိုက် လုပ်လိုက်တာ ကံကောင်းပြီးရသွားပါတယ်။ အဲဒီကြားထဲ ပြောင်းပြီးကာစရှိသေး မန့်လို့လည်းမရဘူး၊ cbox ထဲလည်း ၀င်ရခက်တယ်ဆိုပြီး cbox ထဲမှာလာအော်သွားလို့ လူကိုထူပူသွားတာပဲ။ ခုတော့ အဆင်ပြေပြီထင်တာပါပဲ။ ကျွန်တော်မေးတိုင်း ဒုက္ခပေးတိုင်း ဖြေပေး၊ ကူညီပေးတဲ့ ကျွန်တော့်အစ်ကိုကြီး မောင်နိုင်
ကို ကျေးဇူးတင်ပါတယ်။ ဒီtemplate ပြောင်းဖို့ softwear လည်း connection မကောင်းတဲ့ကြား၊ upload တင်လို့မရတဲ့ကြားက gtalk ကနေ တစ်နာရီကျော်ကြာအောင် သူပဲ ပို့ပေးခဲ့တာပါ။ မနက်ကလည်း မမ၀ါက သူမန့်သွားတဲ့ ကောမန့် တက်မလာသေးဘူးလို့ ပြောလာပါတယ်။ ကျွန်တော့် blog လေးမှာ ကောမန့်ကို ကျွန်တော်တင်မှ တက်လာအောင်လုပ်ထားလို့ပါ။ အဲဒါကိုလည်း မကြာခင် ပြန်ပြင်မှာပါ။ ကောမန့်တွေအားလုံးကို တင်ပေးပါတယ်။ မန့်သွားကြတဲ့ အစ်ကိုတွေ အစ်မတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ blogger စီနီယာကြီးတွေတော့မသိပါဘူး။ ကျွန်တော်ကတော့ တစ်ယောက်ယောက် commet ရေးသွားလို့ mail တက်လာရင် ဘယ်လိုပျော်မှန်းမသိပျော်ပါတယ်။ စီပုံးထဲလည်း တစ်ယောက်မှ မအော်၊ comment လည်းတစ်စောင်မှ ပေါ်မလာဆိုရင်တော့ တော်တော်ကြီးဝမ်းနည်းပါတယ်။ အဲဒီနေ့အတွက်။ blog လေးက ခုမှတစ်လတောင်မပြည့်သေးတဲ့အပြင် ကျွန်တော်ကလည်း နည်းပညာပိုင်း ဘာမှမတတ်တာကြောင့် လိုအပ်ချက်တွေရှိနေဦးမှာပါ။ လိုအပ်ချက်တွေတွေ့လာရင် blogger မောင်နှမတွေအနေနဲ့ မထောက်မညှာ ဝေဖန်နိုင်ပါတယ်။ ဝေလည်း ဝေဖန်စေချင်ပါတယ်။ တဖြည်းဖြည်းနဲ့ ချို့ယွင်းချက်တွေကို တတ်နိုင်သမျှ ပြုပြင်သွားမှာပါ။ ကျွန်တော့်ကို ဒီblog လေးဆက်ရေးဖြစ်စေဖို့ အားပေးစကားပြောခဲ့တဲ့ မမ၀ါ ကိုလည်း ကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးကို ချို့ယွင်းချက်တွေကို သည်းခံပြီး လာလည်ကြတဲ့သူတွေ၊ အော်သွားတဲ့လူတွေ၊ မန့်သွားတဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာလေးကို ဆုံးအောင်ဖတ်ပေးလို့ ပိုပြီးကျေးဇူးတင်ပါတယ်။

PS. cbox မှာ အော်သွားရင် လင့်လေးချန်သွားပေးပါလို့။ အစ်ကိုတို့၊ အစ်မတို့ အိမ်ကို အလည်လာချင်လို့ပါ။

3 comments:

ချစ်ကြည်အေး said...

ဝေလီ...ဝေလင်း...ရေ..အမ မဖတ်ရသေးတဲ့ ပို့စ်အသစ်တွေ လာဖတ်တာ၊ ဒီတမ်းပလိတ်လေး က ပိုအဆင်ပြေတယ်၊ အမလဲ ပြောင်းချင်တာ၊ ဒါပေမဲ့ မလုပ်တတ်တာရယ်၊ အချိန်မရတာရယ်ကြောင့် မလုပ်ဖြစ်သေးဘူး။ ကျောင်းစာဘက်လဲ အချိန်လေး ပေးလိုက်မောင်လေးရေ...။ အဆင်ပြေပါစေ...နော်။

~ဏီလင်းညို~ said...

ဝေလင်းရေ....
ဒီအိမ်အသစ်လေးကို...အစ်ကိုတော့ သဘောကျတယ်...။
စာကို.. အဖြူပေါ်မှာ အနက်နဲ့ရေးထားတာကိုဖတ်ရတာ.. အစ်ကိုတော့ တစ်ကယ်နှစ်သက်တတ်တာ...။ စာအုပ်နဲ့ တူလို့လားမသိဘူးလေ...။ ပြောင်းပေးထားလို့ ကျေးဇူးပါ...။ စာဖတ်ရတာ အဆင်ပြေသွားလို့..။ နောက်ဆို.. မျက်စိ အရမ်းအားစိုက်ရတာ...။
(အစ်ကိုက မျက်စိသိပ်အားမကောင်းဘူးလေ...း(....။)

ခင်မင်တဲ့
ဏီလင်းညို

နေ့အိပ်မက် said...

အိမ်လှလှလေးလိုချင်ရင် wordpress သုံးပါလားဟင်... :) wordpressက ပိုကလိလို့ကောင်းတယ်