Wednesday, December 23, 2009

ရေ...

ကမ္ဘာကြီးတစ်ခုလုံးကို ရေလွမ်းခဲ့ဖူးတယ်တဲ့။ ဖြစ်နိုင်ရင် ခုချိန်မှာ သူ ကမ္ဘာကြီးတစ်ခုလုံး ရေလွမ်းစေချင်မိတယ်။
တကယ်။ ခုချိန်မှာ ဘယ်နည်းနဲ့သေချင်လည်း မေးလာရင် သူရေနှစ်ပြီးသေဖို့ကိုပဲ ရွေးချယ်မိမှာ အမှန်ပင်။ အမေ့ထံမှ တိုးညှင်းသော ချောင်းဆိုးသံလေး ထွက်လာသည်။ သူဘာလုပ်ရမှာတဲ့လဲ။ ခုချိန်မှာ ရေနဲ့တူတာဆိုလို့ ငိုလျှင်ပင် မျက်ရည်ထွက်ဖွယ်မမြင်။

ဘယ့်နှယ်ဗျာ။ သစ္စာမရှိလိုက်တဲ့မိုးနှယ်..။ တစ်နေကုန် မိုးရွာဖို့နေနေသာသာ တိမ်ကလေး တစ်စတောင်တက်မလာဘူး။ နေကလည်း ပူလိုက်တာမှ ကျွတ်နေတာပဲ။ မီးထတောက်မလား အောက်မေ့ရတယ်။ ( ဂျိုဇော်၏ အရုပ်တွဲလဲ၊ ငုတွဲလဲမှ..)
ခပ်တည်တည်၊ ခပ်ခန့်ခန့် လူတစ်ယောက်ကို တွေ့ရတော့ သူအားတက်သွားမိသည်။ သူ့ဟာနဲ့သူ စမ်းတ၀ါးဝါး ရှာနေတာထက်စာလျှင် မေးကြည့်တာက ပိုနီးစပ်မည်ဟုလည်းတွေးမိသည်။ တရိုတသေပင် သူပြောပါသည်။
“အစ်ကို ရေလေးများ ရနိုင်မလားမသိဘူး”
“ဩော်..အေးညီ၊ အဟမ်း...ဒါကဒီလိုရှိတယ် ညီရ။ လူဆိုတာ ရေသောက်ချင်မှ ရေရှာလို့မရဘူးကွ။
ကိုယ်ပိုင်ရေတွင်းတစ်ခုတော့ရှိသင့်တယ်။လောကကြီးမှာ"ခုရေတွင်းတူးခုရေကြည်သောက်"ချင်လို့မရဘူးကွ။
မှတ်ထားပေါ့ညီရာ။အေး...အေး သွားသွားကိုယ့်မှာတော့ရေမရှိဘူးကွ။ရေတွင်းတူးချင်ရင်တော့ကိုယ်ကိုပြော
ဟုတ်ပြီလား ကိုယ်လည်းဟိုဘက်ရပ်ကွက်ကရေတွင်းတူးဖို့ငှားထားလို့ သွားလိုက်ဦးမယ်။”
သူ့ရှေ့ထွက်ခွာသွားသော ထိုသူ၏ ကျောပြင်ကိုစိတ်ရှုပ်စွာကြည့်နေမိသည်။ဘာပြောသွားပါလိမ့်သူစဉ်းစားမ
နေနိုင်ပါ။ဆက်လက်ထွက်လာခဲ့သည်။သူတော်စင်လိုလိုလူတစ်ယောက်နှင့်တွေသည်။သူကတော့ကူညီလိုစိတ်
ရှိကောင်းပါရဲ့ဟုတွေးမိသည်။
                       "အဘ....ရေလေးများကူညီနိုင်မလားမသိဘူး"
       "ကလေး...အဘကိုယ်တိုင်ရေရှာနေသူပါ။ရင်ထဲကဒေါသမီး၊လောဘမီး၊မောဟမီးတွေကိုငြိမ်းဖို့ ရေလိုက်
ရှာနေတာ နှစ်ပေါင်း၂၀ကျော်ခဲ့ပြီ။အဘလည်း မကူညီနိုင်ဘူးကွဲ့။"
                 ရှေ့ဆက်လျှောက်လာတော့ မျက်မှန်ထူထူ၊စာအုပ်ချိုင်ကြားညှပ်ကာ လမ်းလျှောက်နေသူတစ်
ယောက်ကိုတွေရသည်။သူဇွဲမလျှော့တမ်းထိုသူ့ထံသွားရောက်ချဉ်းကပ်မိပြန်သည်။
                      "  အစ်ကို, 'ရေ'..."
                'ရေ'လား...?။ဟား....ဟား မင်းငါနဲ့လာတွေ့တာကံကောင်းတာပဲကွ။ ထိုသူ့စကားကြောင့်သူအားတက်မိသည်။ဒီတစ်ခါတော့ဖြင့် ရေ ,ရချေပြီဟုလည်းတွေးမိသည် ထိုသူကဆက်ပြောသည်။
               “ မင်းကဖောင်စီးရင်းရေငတ်နေတဲ့ကောင်ပဲကွ။ ရေဆိုတာဘာလဲသိလား ဟိုက်ဒရိုဂျင်နှစ်ဆနဲ့
အောက်စီဂျင်တစ်ဆပေါင်းလိုက်ရင်ရေဖြစ်တာပဲကွ။ မင်းအခုရှူနေတဲ့လေထုထဲမှာ အောက်စီဂျင်လည်းရှိ
တယ် ဟိုက်ဒရိုဂျင်လည်းရှိတယ်။ မင်းအခုက အဲဒါကိုပေါင်းစပ်ပေးရုံပဲ။ရေလိုက်လွဲမနေပါနဲ့ကွာ။ သိသူဖော်စား၊မသိသူကျော်သွားကွ။ ငါကတော့ သွားပြီ။ ကြိုးစားလိုက်ပေဦး..။”
သက်ပြင်းပဲချမိတော့သည်။ရေတောင်းတဲ့ လူကိုရေအကြောင်းပဲလာပြောနေကြသည်။ သူတို့ရဲ့စကားလုံးတွေကိုသောက်သုံး၍ရလျှင်တော့မဆိုးပါ။ ရေကဘာလဲ။ အသက်လား?ဘ၀လား? ဆာလောင်မှုဖြေသိမ့်ဖို့လား?၊ သန့်စင်ဖို့လား?၊ တိုက်စားဖို့လား?၊ ဖျက်ဆီးဖို့လား?၊ ဖန်တီးဖို့လား? ရေတစ်ခွက်က လူတစ်သက်ဖြစ်နိုင်သလို၊ လှိုင်းတစ်ချက်ကလည်း လူ့အသက်ဖြစ်နိုင်သည်ပဲ။ သူ တောင်းဆိုတာက ကြယ်တစ်ခင်း နဲ့ လမင်းတစ်ရာမဟုတ်ပါ။ မြင့်မြတ်လှပါသည်ဆိုသော လူသားတို့ထံမှ ရေလေးတစ်ခွက်သာဖြစ်ပါသည်။
       ထိုစဉ် သူ့လက်ဖမိုးပေါ်သို့ ရေတစ်စက် ကျလာသည်။မရှေးမနှာင်းပင် နောက်တစ်စက်၊ ပြီးနောက်တစ်
စက်၊ တစ်စက်ပြီးတစ်စက်...
     "မိုး" ဟုတ်တယ် သူဝမ်းသာ အားရရယ်မောမိသည်။
  “ မိုး ရွာပြီကွ ဟား...ဟား။”
သို့သော် မိုးက....! သူ့ရယ်သံက လမ်းခုလတ်မှာပဲ ရပ်တန့်သွားရသည်။သူ့မျက်လုံး အစုံကမျက်ရည်တို့ စီးကျ
ကာ မိုးနဲ့ရောသွားသည်။ သူ ဆက်လက်ရပ်တည် နိုင်စွမ်းမရှိတော့ဘဲ ဒူးထောက် ကျသွားသည်။ ရူးသွပ်စွာ
အော်ဟစ်မိသည်။
     “ မဖြစ်သင့်ဘူး....။ဟင့်အင် မဖြစ်ရဘူးကွာ...။” သူ တစ်လျှောက်လုံးမျှော်လင့်လာခဲ့တဲ့ မိုး က “ မိုးခါး” တဲ့လားကွယ်။
                                           မဖြစ်....သင့်ဘူး....။
မှတ်ချက်။    ။ကျွန်တော်သည် ရေသောက်ရန်ရေ ရှာနေသူမဟုတ်ပါ။
                     ရေတိုက်ရန် ရေ ရှာနေသူသာဖြစ်ပါသည်။

6 comments:

~ဏီလင်းညို~ said...

ညီလေးရေ....
အောက်ဆုံးစာကြောင်းလေးက အားလုံးကိုပြီးပြည့်စုံစေသွားတယ် အစ်ကိုထင်မိတယ်နော်....။
(ဖတ်ပြီးတော့ အစ်ကိုတောင် ရေငတ်လာသလိုလို.....)

ခင်မင်တဲ့
ဏီလင်းညို

သက်တန့်ချို said...

ရေအကြောင်းဖတ်သွားပါတယ် ရေတပေါက်လောက်တိုက်ပါလား (ရေရှာချင်ရင်တော့ အနော့ဆီလာခဲ့ဗျို့)

မေကျော် said...

ရေတိုက်ရန် ရေ ရှာနေသူ !!!

ချစ်ကြည်အေး said...

ရေများရာ မိုးရွာ ဆိုတာကို သတိရသွားတယ်....။ အာခေါင်တွေ ခြောက်လာသလိုလို....။

နွေဆူးလင်္ကာ said...

ကျနော်လည်း ရေငတ်တယ်ဗျာ .. မိုးခါးနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းရင်း ကျနော် ရေလိုက်ရှာလိုက်ဦးမယ်

Anonymous said...

ရေရှားတယ်ဆိုဟုတ်လား
အမတို့ဆီမှာကတော့ ရေပေါတယ်လာခဲ့
ဘာရေယူမလဲ သောက်ရေလား?
မြောင်းရေလား? ချောင်းရေလား?
အိမ်သာရေလား? ကန်ရေလား?
မြစ်ရေလား? သမုဒ္ဒယရေလား?
တိတော့ဝူးးးးးးးးးးးးးးးးးးးးးးးးးး
:P