Monday, November 9, 2009

သူတို့အပြော ကျွန်တော့်အကြိုက်....

စစ်မှန်သောဘာသာရေး တစ်ခုတည်းသာရှိတယ်၊ သို့သော် ယုံကြည်မှုပုံစံများ များစွာရှိတယ်။ (အီမန်နဲယူဝဲကန့်)

He who lives only for himself is truly dead to others.
မိမိတစ်ဦးတည်းအတွက်သာ အသက်ရှင်နေထိုင်သူသည် တစ်ပါးသူတို့အတွက် အမှန်တကယ်သေသူသာဖြစ်၏။ (ပျူဘလစ်လီးယပ်စ်သိုင်းရပ်)

ကြောက်ရွံ့ခြင်းက မသိနားမလည်မှုက အမြဲပေါက်ဖွားတယ်။ (ရပ်ဝယ်ဒိုအီမာဆန်)

အယူသီးခြင်းဟာ ပျော့ညံ့သော စိတ်ရှိသူများ၏ ကိုးကွယ်ရာ ဘာသာတရားဖြစ်တယ်။ (အီမန်ဘတ်ခ်)

ကျွန်ုပ်၏ဆန္ဒများကို ပြည့်ဝအောင် အကောင်အထည်ဖော်ရန် ကြိုးစားခြင်းထက် ဆန္ဒများကို ကန့်သတ်ခြင်းဖြင့် ကျွန်ုပ်သည် ပျော်ရွှင်ချမ်းမြေ့မှုကို ရှာဖွေခဲ့တယ်။ (ဂျွန်စတူးဝပ်မီး)

“I would rather be a poor man in a garret with plenty of books than a king who did not love reading.” စာဖတ်ဝါသနာမပါတဲ့ ဘုရင်တစ်ပါးဖြစ်ရမှာထက် ထပ်ခိုးပေါ်မှာ စာအုပ်တွေ အများကြီးရှိတဲ့ ဆင်းရဲသားလေးပဲ ဖြစ်ချင်ပါတယ်" (Macaulay)

ဘ၀ဆိုတာပုံပြင်တစ်ပုဒ်ပါ၊ ဘယ်လောက်ရှည်တယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လောက်ကောင်းသလဲ ဆိုတာသာ အရေးကြီးပါတယ်။ (Seneca)

Not he who has little but he who wishes for more is poor.
နည်းနည်းပဲရှိတဲ့သူက ဆင်းရဲတာမဟုတ်ဘူး၊ နောက်ထပ်လိုချင်တဲ့သူကလည်း ဆင်းရဲတာပါပဲ။ (Seneca)


“ဆရာကြီးပလေတိုကို ကျွန်ုပ်ချစ်ခင်လေးစားပါသည်၊ သို့သော် ကျွန်ုပ်သည် အမှန်တရား(သစ္စာ)ကိုကား ဆရာကြီးကိုချစ်သည်ထက် အဆတစ်ရာမက ပိုမိုချစ်မြတ်နိုးပါသည်” (အရစ္စတိုတယ်)

Both optimists and pessimists contribute to our society. The optimist invents the airplane and the pessimist the parachute.
“အကောင်းမြင်သမားရော၊ အဆိုးမြင်သမားရော လောကကြီးကို အကျိုးပြုပါတယ်၊ အကောင်းမြင်သမားက လေယာဉ်ကိုထီထွင်တယ်၊ အဆိုးမြင်သမားက လေထီးကိုတီထွင်တယ်” (Gil Stern)

If you would not be forgotten as soon as you are dead, either write things worth reading or do things worth writing.
သင်ကွယ်လွန်လျင်ကွယ်လွန်ခြင်း သင့်ကိုမမေ့စေလိုလျင် ဖတ်ထိုက်တဲ့စာတွေ ရေးချင်ရေး၊ ရေးထိုက်တဲ့အလုပ်တွေ လုပ်ချင်လုပ်ပါ။ (ဘင်ဂျမင်ဖရင်ကလင်)

လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။ Lord Byron

No comments: