Sunday, November 22, 2009

စိတ်ညစ်တယ်..

တစ်ခါတစ်လေတော့လည်း ငါစဉ်းစားမိတယ်။ နင့်အချစ်ကို ရဖို့ကြိုးစားနေမိတဲ့ငါဟာ သံလိုက်တစ်ချောင်းရဲ့ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို သပ်သပ်စီခွဲထုတ်ဖို့ ကြိုးစားသူလို ဖြစ်နေပြီလားလို့။ တကယ်တော့လည်း အချစ်ဆိုတာ ဘာမှမဟုတ်ရပါလားကွယ်။ မိန်းမတစ်ယောက်ရဲ့ ရင်ခုန်သံကို ခန့်မှန်းဖို့က အဲလောက်ခက်ခဲမှန်း မသိခဲ့ရပါလား။

တကယ်တော့ ငါက ချစ်နေတာမဟုတ်ဘူး စွဲလမ်းနေတာပါ။ ငါဘာကိုများ စွဲလမ်းနေမိပါလိမ့်?

ကြင်နာတတ်တဲ့ အပြုအမူတွေကိုလား? ဒါမှမဟုတ် ချိုသာတဲ့စကားသံကိုလား? နူးညံ့လှပတဲ့ လက်ချောင်လေးတွေရဲ့ အထိအတွေ့ကိုလား?

ဟင့်အင်း! လို့ ငါငြင်းတယ်။ ငါဘာကိုမှမစွဲလမ်းချင်လို့ပါ။ ဘုရားစူးရစေ့ ငါအိပ်ချင်နေတယ်။ တကယ်တော့ အရာအားလုံး အသစ်ကပြန်စတယ်ဆိုတာ စိတ်ကူးနဲ့တောင် မဖြစ်နိုင်ပါဘူး။

ဘယ်မြစ်ထဲကိုများ မင်းကနှစ်ခါဆင်းချင်သေးတာလဲ?

တကယ်တော့ ငါကရူးမိုက်စွာ အတ္တကြီးချင်တာပဲ။ မလုပ်နဲ့နော်။ မင်းလုပ်သင့်တာတွေ အများကြီးရှိပါသေးတယ်ကွယ်။ လောကကြီးမှာ မေးခွန်းတွေ သိပ်များလွန်းတယ်။

ဘယ်သူများအောင်မှတ်ရခဲ့ကြသလဲ..?

ရှုံးမယ်မှန်းသိရဲ့နဲ့တိုက်ရတာ တစ်ခါတစ်လေတော့လည်း ရင်နာစရာကောင်းတယ်ကွယ်….။ ဘ၀မှာတစ်ချို့တိုက်ပွဲတွေက ရှောင်လွှဲခွင့်မရှိဘူးလေ။ တိုက်ပွဲထဲမှာ အရှုံးကို ရွေးပြီးတိုက်ရတာတွေကိုလည်း ရင်နာနာနဲ့ ကြုံဖူးတယ်။

ကောင်မလေးရေ…

ငါကတော့ နင့်ကိုချစ်မိကတည်းက ရူးသွပ်နေတာဖြစ်ပြီး..

နင်ကတော့ ငါ့ကို ပြန်မချစ်ကတည်းက ရူးသွပ်သွားတာဖြစ်တယ်။

ငါတို့နှစ်ယောက်များ ချစ်သွားကြရင် ဘာများဖြစ်လာမှာပါလိမ့်..?

No comments: