Wednesday, November 25, 2009

သိပ်ချစ်တယ်...

ကျွန်တော်လည်း ချစ်တာပေါ့

ဒါပေမယ့်..

သူ့ဆန်စား“ရဲ” ရမယ်တဲ့

မရဲသော်လည်းပြေးခဲစေ

မျှော်လင့်ချက်တွေသေခဲ့ပြီ

ကောင်းကင်အသေရဲ့ ကြယ်အသေ

ငါကလူရည်ချွန်နိုင်ပါ့မလား..?

တောင့်တပေမယ့်မရခဲ့တဲ့

ရင်ဘတ်ထဲကကြယ်

နှလုံးသားထောင့်လေးမှာ ပြာဖုံးနေတယ်

ချစ်တာတောင် ရဲရဲမချစ်ရဲနိုင်တဲ့ငါ့ကို ...နားလည်ပါ။

ပြုံးနေပေမယ့်

(ငါလည်း)

အမုန်းမခံချင်ပါဘူး..

2 comments:

မိုးခါး said...

ပြုံးနေပေမယ့် ငါလည်း အမုန်း မခံချင်ပါဘူး ..
တခါတလေတော့ အဲလိုပြုံးပြုံးပြနေတာကို မုန်းချင် မုန်းနေမှာ ..
(ရေးချင်တာ ရေးသွားတယ် .. :D)

ဝေလင်း said...

ဟုတ်သားပဲ..
ကိုယ်ပြုံးနေတာကို ပျော်နေတယ်ထင်ပြီးမုန်းချင်မုန်းနေဦးမှာ....