Sunday, November 29, 2009

အလွမ်းပြေ..





ဒီနေ့ အပြင်သွားရင်းနဲ့ ရှားရှားပါးပါး သရက်သီးတွေတွေ့လို့ ၀ယ်လာခဲ့တယ်။ နှစ်လုံးထဲပါ။ မြန်မာငွေနဲ့တွက်ရင်တော့ တစ်လုံးကို ၁၆၀၀ လောက်ကျမယ်နဲ့တူတယ်။ အိမ်မှာ သရက်သီးပေါ်ချိန်ဆို အမုန်းစားနေရတာ။ ဒီရောက်မှပဲ ဒီဈေးပေးပြီး စားရတယ်။ ဒါတောင်ဒီကထွက်တဲ့အသီးမဟုတ်ဘူး။
တခြားနိုင်ငံက ပို့တဲ့အသီးတွေ။ ပြီးတော့ ဈေးကြီးလို့ ကောင်းလားဆိုတော့လည်း အဲလောက်ကြီးကောင်းတာမဟုတ်ဘူး။ ရေနံသီးလိုလို ဘာလိုလိုနဲ့။ ဒါပေမယ့် မစားရတာပဲ နှစ်နှစ်လောက်ရှိပြီဆိုတော့ အလွမ်းပြေပေါ့။ အားလုံးလည်း အလွမ်းပြေပေါ့နော...။ကြည့်ကြပါဦး။ (တကယ်ကတော့ ကြွားတာ..ဟီး)




စောင်းလျားသီးလည်းတွေ့တယ်။ ဒါပေမယ့် မြန်မာငွေနဲ့ တစ်လုံးကို ၃၆၀၀ လောက်ဆိုတော့ မစားတော့ဘူးလို့ ..ဟီး ချွေတာရေးလေ။ ဟုတ်တယ် မြန်မာနိုင်ငံမှာဆို ရောင်းရင် ဘယ်သူမှ သိပ်ဝယ်စားတာမဟုတ်တဲ့ဟာကို
ဒီမှာ သုံးထောင့်ခြောက်ရာဆိုတော့ တော်ပြီ။ တကယ်အံဩတာ။ ဘယ်ကသွင်းလည်းတော့မသိဘူး။ ဒီကတော့ မဟုတ်တာ သေချာတယ်။ ဒီရောက်မှာ ပန်းသီးက ဖောဖောသီသီ စားနေရတယ်။ နွေရာသီဆို ၀ယ်စားစရာတောင်မလိုဘူး။ ဆရာမတွေက သူတို့ အပင်ကရတာတွေကို လာလာပေးနေတာ။ မြန်မာနိုင်ငံမှာတုန်းက ပန်းသီးကို ဈေးကြီးပေးစားရတယ်။ ခုတော့ ပြောင်းပြန်။ စောင်းလျားသီးကို ဒီဈေးမျိုးနဲ့တွေ့ရလိမ့်မယ် မထင်မိဘူး။



ဒီကောင်က မင်းကွတ်သီး။ ဈေးကသိပ်မရှိပါဘူး။ သောင်းခြောက်ထောင်လောက်ပါ။ မြန်မာငွေနဲ့လေ။ ၀ယ်လာတယ်ထင်လို့လား။ ဟင့်အင်း ကိုင်ယုံပဲကိုင်ကြည့်လာတယ်။ ၀ယ်မစားတော့ဘူး။ မြန်မာနိုင်ငံရောက်မှပဲစားတော့မယ်။ ဈေးနှုန်းကို စိတ်နာတယ်။
ချွေတာရေးလေ။ အဲလောက်ထိမချမ်းသာသေးဘူး။ :)

1 comment:

Unknown said...

ဟုတ်တယ် သရက်သီးကတော့ ဒီမှာလည်း ဈေးကြီးတယ် ဒါပေမယ့် မြန်မာက စိန်တလုံးတော့ မြကျောက်တို့  အောင်ဒင်တို့ ကို တစက်ကလေးမှ မမှီဘူး
ပြီး ဒီမှာလည်း အဲ့ ဇောင်းလျားသီးကို အသီးလုပ်စားတာ ထူးဆန်းနေတာ
မင်းဂွတ်သီးကတော့ ဈေးသိပ်မကြီးဘူး
ဘာပဲဖြစ်၂ အေးတဲ့တိုင်းပြည်မှာ အသီးအနှံများ၂စားပေးတာ ကောင်းပါတယ်