
သစ်ရွက်ဖျားက ဆင်းချလာစဉ်ကတော့.........
ပေါ့ပေါ့ပါးပါးပါပဲ။ ။
အဓိပ္ပာယ်တွေ အပိုင်းပိုင်းပြတ်တဲ့နေရာမှာ
ဘယ်အကိုင်းမှာ နားရမှာတဲ့လဲ...?
ငါက ပျောက်သွားတဲ့ပဲ့တင်သံကိုမှ
လိုက်ရှာမိသူလို....!
နိုးလာတဲ့အိပ်မက်ကိုမှ
“ဆက်ရန်”စာတန်းထိုးချင်သူလို
နင့်အချစ်ကိုမှ ရချင်ခဲ့မိတယ်။ ။
ကောင်မလေးရယ်........
နင်က.....ငါ့အတွက်တော့
ပဲ့တင်သံမထွက်တဲ့ တောင်နံရံတစ်ခုပဲ...............
2 comments:
ဘ၀တူတွေပါ....ခံစားရပါတယ်...ထိတယ်...(lover star)
good တယ်
Post a Comment